ဒေါ်နယ်ထရမ့်နှင့် သမ္မတပူတင်အကြား လတ်တလော တွေ့ဆုံရန် အစီအစဉ် မရှိသေးကြောင်း ရုရှားအစိုးရက ပြောကြား

News Image

  • ဒေါ်နယ်ထရမ့်နှင့် သမ္မတပူတင်အကြား လတ်တလော တွေ့ဆုံရန် အစီအစဉ် မရှိသေးကြောင်း ရုရှားအစိုးရက ပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အမေရိကန် ရွေးကောက်ခံသမ္မတလောင်း ဒေါ်နယ်ထရမ့်နှင့် လက်ရှိအချိန်တွင် လူချင်းတွေ့ဆုံရန် အစီအစဉ်မရှိသေးကြောင်း ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ၂၃-၁၂-၂၀၂၄ ရက်တွင် TASS သတင်းဌာနသို့ ပြောကြား ခဲ့သည်။

ရွေးကောက်ခံသမ္မတလောင်း ဒေါ်နယ်ထရမ့်၏ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ တွေ့ဆုံဆွေးနွေးပွဲကျင်းပရန်၊ သို့မဟုတ် အခြားအကြောင်းပြချက်မရှိဘဲ တွေ့ဆုံရန်ရှိ/ မရှိ မေးမြန်းခဲ့မှုအပေါ် Dmitry Peskov က အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်ပါသည်။ 

အစောပိုင်းကာလတွင် ဒေါ်နယ်ထရမ့်သည် ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန်အတွက် သမ္မတပူတင်နှင့်တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ရန် မျှော်မှန်းထားကြောင်း ပြောကြား ခဲ့ပါသည်။ အလားတူပင် မည်သည့်အချိန်မဆို ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိနေသည်ဟု သမ္မတပူတင်က ဒီဇင်ဘာလ ၁၉ ရက်တွင် ပြောကြားထားကြောင်း သိရှိရပါသည်။

ကိုးကား - TASS