ယူကရိန်းပဋိပက္ခ ဖြေရှင်းနိုင်ရေးအတွက် တရုတ်အစိုးရက တောင်ကမ္ဘာခြမ်းနိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားမည်

News Image

  • ယူကရိန်းပဋိပက္ခ ဖြေရှင်းနိုင်ရေးအတွက် တရုတ်အစိုးရက တောင်ကမ္ဘာခြမ်းနိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားမည်

ယူကရိန်းပဋိပက္ခ အမြန်ဆုံးပြေလည်အောင် ဖြေရှင်းနိုင်စေရေးအတွက် တရုတ်အစိုးရက တောင်ကမ္ဘာခြမ်းနိုင်ငံများနှင့်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသ မော်နင်းက ဒီဇင်ဘာလ ၂၃ ရက် တွင်ပြောသည်။

တောင်ကမ္ဘာခြမ်းမှနိုင်ငံ အများအပြား ပါဝင်သည့် ယူကရိန်းပဋိပက္ခဆိုင်ရာ ငြိမ်းချမ်းရေးမိတ်ဆွေများ အဖွဲ့ဟူသောအဖွဲ့ကို ယခုနှစ်စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မကြာသေးမီက ထိုအဖွဲ့မှတာဝန်ရှိသူများကတွေ့ဆုံစဉ်  ထိုသို့ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု မော်နင်းက ဆက်ပြောသည်။

ထို့ပြင် ယင်းအဖွဲ့သည် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်နေသောအခြေအနေများနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော အခြေအနေများကို လေ့လာသုံးသပ်တွက်ချက်မှုများလုပ်ပြီး မကြာသေးမီကဖြစ်ပေါ်ခဲ့သော အခြေအနေတင်းမာမှုများနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေသည်ဟု ထုတ်ပြန်ထားသည်။

အလားတူ အဆိုပါအဖွဲ့သည် နိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ တစ်နိုင်ငံ၏ တရားဝင်ရပ်တည်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများအပေါ် လေးစားမှုဟူသော အခြေခံသဘောတရားများကို လက်ကိုင်ထားကာ နိုင်ငံတကာပဋိပက္ခများကို ငြိမ်းချမ်းသောဖြေရှင်းနည်း အသုံးပြု၍ဖြေရှင်းရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် တင်းမာမှုများကိုလျှော့ချရေးအတွက် တောင်းဆိုကြောင်း မော်နင်းက ပြောသည်။

Source: Myawady Web Portal