ပိုလန်က အစ္စရေး ဝန်ကြီးချုပ်ကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်
ပိုလန်နိုင်ငံ၌ ကျင်းပမည့် အော့စ်ဝစ်ချ် လွတ်မြောက်ရေး နှစ် ၈၀ ပြည့် နှစ်ပတ်လည် အခမ်းအနားအား ဇန်နဝါရီ လတွင် ကျင်းပမည်ဖြစ်ရာ အခမ်းအနားသို့ အစ္စရေး ၀န်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု တက်ရောက်မည် ဆိုပါက ဖမ်းဆီးခံရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ (အီးယူ)၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝါဒလီ စလော ဘာတော့ဇဝစကီ ပြောကြားလိုက်ပါသည်။
အော့စ်ဝစ်ချ်အကျဉ်းထောင်သည် ဒုတိယကမ္ဘာစစ် အတွင်းက ဂျာမန်များတည်ဆောက်ထားခြင်းဖြစ်ပြီး ဂျူးလူမျိုး သန်းပေါင်းများစွာကို အဆိပ်ပေးသတ်ဖြတ် ခဲ့သည့်နေရာဖြစ်သည်။ အဆိုပါအကျဉ်းထောင်လွတ်မြောက်ရေးနေ့သည် အစ္စရေးနိုင်ငံကဲ့သို့ ဂျူးလူမျိုး များ အတွက် အရေးပါသောနေ့တစ်နေ့ဖြစ်ပါသည်။
နိုင်ငံတကာရာဇဝတ်မှု ရောမဥပဒေအား လက်မှတ် ရေးထိုးထားသည့် ပိုလန်သည် နိုင်ငံတကာ ရာဇ၀တ် တရားရုံး (ICC) ၏ ညွှန်ကြားချက်များကို လိုက်နာရန် တာဝန်ရှိကြောင်း ဝါဆောအစိုးရ၏ ထိပ်တန်းသံတမန် က ပြောကြားခဲ့ခြင်းဖြစ်သည်။ ဂါဇာတွင် ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ဆက်နွှယ်သည့် စစ်ရာဇ၀တ်မှုများကို ကိုးကား၍ နေတန်ယာဟု နှင့် အစ္စရေး ကာကွယ်ရေး ဝန်ကြီးဟောင်း ဂေါ်လန် တို့ကို ICC က နိုဝင်ဘာလတွင် ဖမ်းဝရမ်း ထုတ်ခဲ့သည်။
နေတန်ယာဟုနှင့် ဂေါ်လန်တို့က ဂါဇာရှိအရပ်သား များအား အစားအစာ၊ ရေနှင့် ဆေးဝါးများကို တမင် တကာရည်ရွယ်ချက်ရှိရှိ ငတ်မွတ်ခေါင်းပါးစေသည့် စစ်ပွဲနည်းလမ်းကို အသုံးပြုခဲ့သည်ဟု တရားရုံးက စွပ်စွဲခဲ့ပါသည်။ အစိုးရရှေ့နေများအဆိုအရ အဆိုပါ လုပ်ရပ်များက စစ်ပွဲအတွက် မလိုအပ်ဘဲ သုံးခဲ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။
ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံစလုံးသည် ရောမ သဘောတူစာချုပ်တွင် ပါ၀င်ပြီး ICC က အစ္စရေး ဝန်ကြီးချုပ်ကို ဖမ်းဝရမ်းထုတ်ရန် လိုအပ်သော်လည်း တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် တုံ့ပြန်မှုများမှာ မတူညီပေ။ ဟန်ဂေရီ ဝန်ကြီးချုပ် Viktor Orban က နေတန်ယာဟုအား ဖမ်းဝရမ်းထုတ်မည် မဟုတ်ကြောင်း အာမခံကာ ဟန်ဂေရီနိုင်ငံသို့ လာရောက်ရန် ပွင့်ပွင့် လင်းလင်း ဖိတ်ကြားထားကြောင်းသိရှိရသည်။ စပိန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ အိုင်ယာလန်၊ လစ်သူယေး နီးယားနှင့် စလိုဗေးနီးယားတို့ကဲ့သို့ နိုင်ငံများသည် သံတမန်ရေးရာ ကင်းလွတ်ခွင့်မရှိဘဲ ICC ၏ ညွှန်ကြားချက် များကို လိုက်နာရန် မလိုကြောင်း ပြောဆိုထားသည်။ ပြင်သစ်က ကနဦးတွင် ဖမ်းဝရမ်းကို လိုက်နာရန် ရည်ရွယ်ကြောင်း ထုတ်ဖော်ခဲ့သော်လည်း နောက်ပိုင်း တွင် နေတန်ယာဟုအတွက် သံတမန်ရေးရာ အကာအကွယ် ပေးမှုကို ပေးခဲ့ပါသည်။ ICC ၏ လုပ်ဆောင်ချက် များသည် အစ္စရေး အရာရှိများထံမှ ပြင်းထန်သော တုံ့ပြန်မှုများကို ထွက်ပေါ်လာစေသည်။
ကိုးကား-Myanmar National Post