သီတင်းတစ်ပတ်လျှင် ပန်းသီးလေးလုံးစားသုံးခြင်းဖြင့် နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို လျှော့ချနိုင်

News Image

  • သီတင်းတစ်ပတ်လျှင် ပန်းသီးလေးလုံးစားသုံးခြင်းဖြင့် နှလုံး ရောဂါကြောင့် သေဆုံးနိုင်ခြေကို လျှော့ချနိုင်

သီတင်းတစ်ပတ်လျှင် ပန်းသီးလေးလုံးမျှစားပေးခြင်းဖြင့် နှလုံးရောဂါများကြောင့် အသက်ဆုံးပါးနိုင်ခြေကို ၄၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ကြောင်း ဒီဇင်ဘာ ၂၄ ရက်သတင်းများအရ သိရသည်။

တရုတ်နိုင်ငံ ယန်ကျိတက္ကသိုလ်မှ သုတေသနပညာရှင်များသည် သွေးအတွင်းကိုလက်စထရောပါဝင်မှုနှုန်းမြင့်မားသော သက်လတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီး ၂၁၈၄ ဦးတို့ကို အချိန်ယူစောင့်ကြည့်လေ့လာခဲ့ကြသည်။

လေ့လာချက်မှ ပေါ်ထွက်လာသည့်ရလဒ်များအရ လေ့လာမှုတွင် ပါဝင်သူများအနက် သီတင်းတစ်ပတ်လျှင် ပန်းသီးသုံးလုံးမှ လေးလုံးထိ စားသုံးသူများမှာ မစားသူများထက် နှလုံးရောဂါများကြောင့် အသက်ဆုံးပါးနိုင်ခြေ ၃၉ ရာခိုင်နှုန်း ပိုနည်းပါးသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ပန်းသီကဲ့သို့ပင် ငှက်ပျောသီးပုံမှန်စားသူများတွင်လည်း နှလုံးပြဿနာကြောင့် အသက်ဆုံးပါးနိုင်ခြေ ပုံမှန်ထက်နည်းပါးလာတတ်ကြောင်း၊ ငှက်ပျောသီးကို နေ့စဉ်စားသုံးပါက နှလုံးပြဿနာများကြောင့် အသက်ဆုံးပါးနိုင်ခြေမှာ ပုံမှန်ထက် ၃၀ ရာခိုင်နှုန်း ပိုမိုကျဆင်းလာနိုင်ကြောင်း သုတေသန ပညာရှင်များ၏ အဆိုအရ သိရသည်။

Source: ရတနာပုံသတင်းစာ