စက်ရုပ်ဆရာဝန်များဖြင့် တစ်ရက်ကိုလူနာ ၃၀၀၀ ကုသပေးနိုင်မယ့် ကမ္ဘာ့ပထမဆုံး AI ဆေးရုံ

News Image

  • စက်ရုပ်ဆရာဝန်များဖြင့် တစ်ရက်ကိုလူနာ ၃၀၀၀ ကုသပေးနိုင်မယ့် ကမ္ဘာ့ပထမဆုံး AI ဆေးရုံ

တရုတ်နိုင်ငံက ကမ္ဘာ့ပထမဆုံးသော AI ဆေးရုံစိတ်ကူးကို ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။ အဲဒီဆေးရုံမှာကုသမှုပေးမယ့်ဆရာဝန်တွေကလည်း သာမန်လူသားဆရာဝန်တွေမဟုတ်ပါဘူး။ စက်ရုပ်ဆရာဝန်တွေပါ။ ဒီစိတ်ကူးကို ထုတ်ဖော်မိတ်ဆက်လိုက်သူများကတော့ ပေကျင်းမြို့ရှိ ဆင်းဟွာတက္ကသိုလ်မှ သုတေသနပညာရှင်များပါ။

သူတို့ရဲ့စိတ်ကူးပုံဖော်မှုအရဆိုရင်တကယ့်ဆရာဝန်အစစ်တွေ၊ ဆေးကျောင်းသားတွေအနေနဲ့ တကယ့်လူနာတွေကို အသုံးပြုစရာမလိုဘဲ ရောဂါရှာဖွေစမ်းသပ်လေ့ကျင့်မှုတွေလည်း  လုပ်နိုင်မယ်လို့ဆိုပါတယ်။

လက်ရှိ စက်ရုပ်ဆရာဝန်တွေရဲ့စွမ်းဆောင်ရည်က အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကုသရေးတွေမှာ ၉၃ ဒသမ ၀၆ ရာခိုင်နှုန်းအထိ တိကျမှုရှိနေပြီလို့ဆို ပါတယ်။                     

Ref: IE K.H

Source: Myawady Web Portal