မျိုးရိုးဗီဇပြုပြင်ထားတဲ့ကပ်ပါးကောင်တစ်မျိုးက အယ်ဇိုင်းမားလိုရောဂါများကို ကုသမှုပေးနိုင်

News Image

  • မျိုးရိုးဗီဇပြုပြင်ထားတဲ့ကပ်ပါးကောင်တစ်မျိုးက အယ်ဇိုင်းမားလိုရောဂါများကို ကုသမှုပေးနိုင်

ဂလက်စဂိုးနဲ့ တဲအဗစ်တက္ကသိုလ်တို့မှဦးစီးလုပ်ဆောင်တဲ့ သုတေသနတစ်ခု အရဆိုရင် Toxoplasma gondii အမည် ရှိ မျိုးရိုးဗီဇပြုပြင်ထားတဲ့ကပ်ပါးကောင် တစ်မျိုးက အယ်ဇိုင်းမားနဲ့ ပါကင်ဆန်တို့ လို အာရုံကြောချို့ယွင်းမှုရောဂါတွေကို ကုသပေးရာမှာ တစ်ခေတ်ဆန်းသစ်စေ နိုင်တယ်ဆိုတာ တွေ့ရှိထားပါတယ်။

အဲဒီကပ်ပါးကောင်မျိုးကို ကြောင်တွေ ရဲ့မစင်မှာ အများဆုံးတွေ့ရလေ့ရှိတယ် လို့  သုတေသီများက  ပြောပါတယ်။ဒီကပ်ပါးကောင်ရဲ့  ထူးခြားတဲ့စွမ်းရည်တစ်မျိုး က သွေးကြောနဲ့ဦးနှောက်ကြားခြားထားတဲ့အလွှာကို အောင်မြင်စွာကျော်လွှားဝင်ရောက်နိုင်ခြင်းပါပဲ။

ဒီလိုမျိုးစွမ်းဆောင်ရည်ကြောင့် ကုထုံး နဲ့သက်ဆိုင်တဲ့ ပရိုတင်းဓာတ်တွေကိုဦးနှောက်အတွင်းရှိ နျူရွန်တွေဆီရောက်ရှိ အောင် ပို့ဆောင်နိုင်စေတာဖြစ်ပါတယ်။ ဒါက ဦးနှောက်နဲ့သက်ဆိုင်တဲ့ရောဂါတွေ ကိုကုသမှုပေးရာမှာ အင်မတန်မှအရေး ကြီးတဲ့ကုသမှုတစ်ခုပါ။

လက်ရှိသုတေသနက စမ်းသပ်ဆဲမှာပဲရှိနေသေးပေမယ့် တကယ့်ကိုအာမခံချက်ပေးနိုင်တဲ့ အနေအထားရှိနေတာကိုလည်းတွေ့ရပါတယ်။ အခုသုတေသနမှာတော့ကြွက်တွေနဲ့စမ်းသပ်ထားတာဖြစ် သော်လည်း မကြာခင်မှာလူသားတွေနဲ့စမ်းသပ်နိုင်တော့မှာပါ။                        

Ref: IE

K.H

Source: Myawady Web Portal