တစ်ရက်လျှင် လောင်စာဆီတန်ချိန် (၂၅၀) ခန့် အသုံးပြုရသည့် ကမ္ဘာ့အကြီးဆုံးဒီဇယ်အင်ဂျင်

News Image

  • တစ်ရက်လျှင် လောင်စာဆီတန်ချိန် (၂၅၀) ခန့် အသုံးပြုရသည့် ကမ္ဘာ့အကြီးဆုံးဒီဇယ်အင်ဂျင်

ကြီးမားသောကွန်တိန်နာသင်္ဘောကြီးများကို စွမ်းအင်ပေးရန်အတွက် ဒီဇိုင်းထုတ်ထားသော 14-cylinder Wartsila-Sulzer RTA96-C two-stroke turbocharged ဒီဇယ်အင်ဂျင်ကြီးသည် ကမ္ဘာ့အကြီးဆုံး လောင်စာဆီလောင်ကျွမ်းမှုရှိသည့် အင်ဂျင်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။ အမြင့်(၁၃)မီတာ၊ အရှည်(၂၆)မီတာနှင့် အလေးချိန်တန်ချိန် (၂၃၀ဝ)ထိ ရှိသော 14-cylinder Wartsila-Sulzer RTA96-C ဒီဇင်အင်ဂျင်ကြီးသည် တည်ဆောက်ဖူးသမျှ အင်ဂျင်များထဲတွင် လောင်စာဆီ လောင်ကျွမ်းမှုအများဆုံးရှိသည့် အင်ဂျင်ဆိုသည့်ခေါင်းစဉ်နှင့်အတူ သတ္တုရိုင်းများဖြင့် တည်ဆောက်ထားကြောင်း သိရသည်။ အဆိုပါအင်ဂျင်ကြီးတွင်ကရိုင်းရှပ်တစ်ခုတည်းပင်လျှင် တန်ချိန် (၃၀ဝ) အထိရှိပြီး ပစ္စတင်(၁၄)လုံးတွင် တစ်လုံးချင်းစီ၏ အလေးချိန်သည် (၅)တန်ရှိကြောင်း သိရသည်။

ထို့ပြင် (၁၀၂) RPM အတွက် စွမ်းအင်ထွက်ရှိမှု (၁၀၈,၉၂၀) bhp ရှိပြီး တစ်ရက်လျှင် လောင်စာဆီတန်ချိန် (၂၅၀) ခန့်ကို လောင်ကျွမ်းစေကြောင်းလည်း သိရသည်။ အမြင့်ဆုံးအခြေအနေများတွင် 14-cylinder Wartsila-Sulzer RTA96-C အင်ဂျင်ကြီးသည် တစ်နာရီလျှင် လောင်စာဆီ(၁၆၆၀)ဂါလန်ခန့်ကို အသုံးပြုကြောင်း သိရသည်။

ဖင်လန်အင်ဂျင်ထုတ်လုပ်သည့် ကုမ္ပဏီ Wartsila က ၎င်း၏ 12-cylinder RTA96C အင်ဂျင်သည် Emma Maersk ကဲ့သို့သော ကြီးမားသော ကွန်တိန်နာသင်္ဘော များကို စွမ်းအင်ပေးနိုင်မည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံး လောင်စာဆီလောင်ကျွမ်းမှုအင်ဂျင်ကြီးကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံး 14-cylinder Wartsila -Sulzer RTA96-C two-stroke turbocharged ဒီဇယ် အင်ဂျင်ကို (၂၀ဝ၆)ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး အဆိုပါ နှစ်တွင်ပင် ကမ္ဘာ့အကြီးဆုံးကွန်တိန်သင်္ဘော Emma Maersk တွင် တပ်ဆင်ကာ စတင်အသုံးပြုခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ကြီးမားပြီး ရှုပ်ထွေးသော အင်ဂျင်ကြီးကိုတည်ဆောက်ခြင်းသည် အလွန်ခက်ခဲပြီး အရင်းအမြစ်များစွာအသုံးပြုရသည့်အပြင် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ (၂၅) သန်းကျော်ရှိကြောင်းလည်း သိရသည်။

ကိုးကား- NP News