ပဋိဇီဝဆေးယဉ်ပါးမှုကြောင့် သန်း ၄၀ သေဆုံးနိုင်သည်ဟု UK ကျန်းမာရေးမှူးဟောင်းပြောဆို
ပိုးသတ်ဆေးယဉ်ပါးမှုကို မစစ်ဆေးဘဲ ပေါ့ဆခဲ့ပါက ၂၀၅၀ တွင် သန်း ၄၀ သေဆုံးနိုင်သည်ဟု AMR ဆိုင်ရာ UK အထူးသံတမန်နှင့် အင်္ဂလန်၏ ဆေးဘက်ဆိုင်ရာ အရာရှိချုပ်ဖြစ်သူ Sally Davies က Observer ကို ဒီဇင်ဘာ ၅ ရက်နေ့တွင်ပြောကြားခဲ့သည်။
Antimicrobial resistance (AMR) သည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များနှင့် အခြားပိုးမွှားအမျိုးအစားများကို ကုသရန်အသုံးပြုသော ဆေးဝါးများထက် ပိုမိုအားကောင်း လာသောအခါဖြစ်ပေါ်ပြီး ရောဂါပိုးများသည် ကုသရန် ခက်ခဲလာမည်ဖြစ်သည်။ Davies မှ AMR သည် ခွဲစိတ် ခြင်းနှင့်ကလေးမွေးဖွားခြင်းကဲ့သို့ ပုံမှန်ဆေးဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုခြိမ်းခြောက်ပြီး အသက်အန္တရာယ်ဖြစ်လာစေနိုင်သည်အထိ ကြီးထွားလာနေသည့် ပဋိဇီဝအရေးပေါ်အခြေအနေအဖြစ် ရောက်ရှိလာမည် ဟုဆိုသည်။
AMR ကြောင့် နှစ်စဉ်သေဆုံးမှု ခန့်မှန်းခြေ တစ်သန်းခန့် ရှိသော်လည်း ထိုပမာဏသည် ၂၀၅၀ ခုနှစ်တွင် နှစ်ဆ တိုးလာမည်ဟု Davies ၏ အဆိုအရသိရှိရသည်။ သက်ကြီးရွယ်အိုများတွင် ပိုမိုထိခိုက်လွယ်ပြီး အသက် ၇၀ ကျော်သူများအတွက် သေဆုံးမှုနှုန်းသည် ၁၉၉၀ ခုနှစ်မှစပြီး ၈၀ ရာခိုင်နှုန်းအထိ တိုးလာသည်ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား-RT