အိန္ဒိယနိုင်ငံတွင် HMPV ရောဂါဖြစ်ပွားသူ ၈ ဦးတွေ့ရှိဟုဆို

News Image

  • အိန္ဒိယနိုင်ငံတွင် HMPV ရောဂါဖြစ်ပွားသူ ၈ ဦးတွေ့ရှိဟုဆို

အိန္ဒိယနိုင်ငံတွင် HMPV ရောဂါဖြစ်ပွားသူ ၈ ဦးတွေ့ရှိကြောင်း အစိုးရကထုတ်ပြန်သည့် ကြေညာချက် တစ်စောင်တွင် ဖော်ပြသည်။

ရောဂါဖြစ်ပွားသူများအနက် နှစ်ဦးမှာ  နိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ် ဘန်ဂါလူရူမြို့၌ ဇန်နဝါရီလ ၆ ရက်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး     အခြားသူများတွင် အသက်သုံးလအရွယ် ကလေးတစ်ဦးနှင့် ရှစ်လအရွယ် ကလေးငယ်တစ်ဦးတို့ ပါဝင်သည်။ ၎င်းတို့နှစ်ဦးစလုံးသည်  အသက်ရှူလေပြွန်နှင့်    အဆုတ်တစ်သျှူးများအတွင်း ရောင်ရမ်းသည့် ဝေဒနာခံစားခဲ့ရကြောင်း သိရသည်။  ယခုအခါ    အသက်သုံးလအရွယ်ကလေးငယ်မှာ ရောဂါပျောက်ကင်း၍  ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်းနှင့် ကျန်တစ်ဦးမှာ ရောဂါသက်သာလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်   ဖော်ပြထားသည်။

ရောဂါဖြစ်ပွားသူအားလုံးအနက် တစ်ဦးမျှ   ပြည်ပနိုင်ငံများသို့ ခရီးသွားရောက်သည့် ရာဇဝင်မရှိကြောင်း အစိုးရ၏ထုတ်ပြန်ချက်အရသိရသည်။

အနောက်ဘန်ဂေါပြည်နယ် ကိုလ်ကတ္တားမြို့တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစ၍  HMPV ရောဂါဖြစ်ပွားသူ  ၃ ဦးရှိကြောင်း Economic Times သတင်းစာတွင်ဖော်ပြထားကြောင်း သိရသည်။

Human metapneumovirus (HMPV)  သည် တုပ်ကွေး သို့မဟုတ် အအေးမိသည့် လက္ခဏာများကို ဖြစ်စေသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်သည်။

Ref: ST

Source: Myawady Web Portal