ယီမင်ဟူသီသူပုန်များက ပင်လယ်နီရှိ အမေရိကန် လေယာဉ်တင်သင်္ဘောကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်
ယီမင်ဟူသီသူပုန်များသည် ဇန်နဝါရီ ၆ ရက်နေ့က ပင်လယ်နီရှိ USS Harry Truman လေယာဉ်တင် စစ်သင်္ဘောကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ထိုတိုက်ခိုက်မှု၏ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Yahya Saree က ပြောကြားလိုက်သည်။
“ယီမင်ဒုံးကျည်တပ်ဖွဲ့နှင့် ဒရုန်းတပ်ဖွဲ့တို့သည် ပူးတွဲ စစ်ဆင်ရေးအနေဖြင့် ပင်လယ်နီ မြောက်ပိုင်းရှိ အမေရိကန်၏ USS Harry Truman လေယာဉ်တင် စစ်သင်္ဘောကို ခရုဇ်ဒုံးကျည် ၂ စင်းနဲ့ ဒရုန်း ၄ စင်းဖြင့် တိုက်ခိုက်တာဖြစ်ပါတယ်” လို့ အဆိုပါ ပြောရေးဆိုခွင့်ရှိ သူက ပြောကြားထားပါသည်။
အဆိုပါဟူသီသူပုန်များ တိုက်ခိုက်နေစဉ်တွင် အမေရိကန် လေယာဉ်တင်သင်္ဘောအနေဖြင့် ဟူသီသူပုန်များ ထိန်းချုပ်ရာ ယီမင်နယ်နိမိတ်ကို လေကြောင်းဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေချိန်လည်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောထားပါသည်။
ကိုးကား - TASS
MM-News-Category