တရုတ်နိုင်ငံတွင် Mpox ဗိုင်းရပ်စ် အမျိုးအစားသစ် ရှာဖွေတွေ့ရှိ

News Image

  • တရုတ်နိုင်ငံတွင် Mpox ဗိုင်းရပ်စ် အမျိုးအစားသစ် ရှာဖွေတွေ့ရှိ

ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာခဲ့ရသည့် Mpox ဗိုင်းရပ်စ်ရဲ့ အသွင်ပြောင်းအမျိုးအစား Clade Ib ကို တရုတ်နိုင်ငံတွင်ရှာဖွေတွေ့ရှိခဲ့သည်ဟု တရုတ်ကျန်းမာရေး အာဏာပိုင်များက ဇန်နဝါရီ ၉ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(DRC)မှ ခရီးသွားရာဇဝင်ရှိသူ နိုင်ငံခြားသားတစ်ဦး ကူးစက်ခံရမှုမှ စတင်ဖြစ်ပွားခဲ့သော Ib အမျိုးအစားခွဲအုပ်စုကို တရုတ် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှတွေ့ရှိခဲ့ပြီး အဆိုပါ ဗိုင်းရပ်စ်သစ်ကူးစက်လူနာ (၄) ဦးထိတွေ့ရှိရပြီ ဖြစ်ကြောင်းဆိုပါသည်။ Mpox သည် အနီးကပ်ထိတွေ့ ခြင်းမှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်ပြီး တုပ်ကွေးလက္ခဏာနှင့် ခန္ဓာကိုယ်အရည်ကြည်အဖုနှင့်အနာများ ဖြစ်စေနိုင်သော်လည်း ကူးစက်မှုကြောင့် သေဆုံးနိုင်ခြေနည်းသည် ဟု သိရပါသည်။

Mpox သည် ၂၀၂၄ ခုနှစ်က DRC တွင် ကူးစက်ပျံ့နှံ့မှု များခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၌ WHO က ကမ္ဘာလုံးဆိုင်ရာပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ရပါသည်။

ကိုးကား-NP News