တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုး၍ မြှင့်တင်မည်ဟု နိုင်ဂျီးရီးယား သမ္မတ ကတိပြု
တရုတ်-နိုင်ဂျီးရီးယား ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းစေရေးအတွက် နိုင်ဂျီးရီးယားသမ္မတ ဘိုလာအာမက်တီနူဘူက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား နိုင်ဂျီးရီးယား နိုင်ငံ၏မြို့တော် အဘူဂျာတွင် ဇန်နဝါရီ ၉ ရက်၌ လက်ခံ တွေ့ဆုံခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC)ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က တီနူဘူအား တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ နွေးထွေးသော နှုတ်ခွန်းဆက်စကားများနှင့် နှစ်သစ်ကူးဆုတောင်းစကားများကို လက်ဆောင်ပါးခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံသမ္မတနှစ်ဦးက တရုတ်-နိုင်ဂျီးရီးယားဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးထူထောင်ကြောင်း အတူတကွကြေညာခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေး သိသိသာသာ တိုးတက်လာသော အမှတ်သညာဖြစ်သည့် ပြီးခဲ့သည့် နှစ်၊ စက်တင်ဘာလ၌ တီနူဘူ၏ အကျိုးဖြစ်ထွန်းသော တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဥ်အကြောင်းကိုလည်း ဝမ်က ပြန်ပြောင်းပြောဆိုခဲ့သည်။
ကိုးကား - ဆင်ဟွာ