ပူတင်နှင့် တွေ့ဆုံရန် စီစဉ်နေဟု ထရမ့်ဆို

News Image

  • ပူတင်နှင့် တွေ့ဆုံရန် စီစဉ်နေဟု ထရမ့်ဆို

ရှားသမ္မတပူတင်က ၎င်းနှင့်တွေ့ဆုံလိုရာ သက်ဆိုင်ရာ အစီအစဉ်များကို ဆောင်ရွက်နေသည်ဟု အမေရိကန် ရွေးကောက်ခံသမ္မတ ထရမ့်က ဇန်နဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။ ထရမ့်သည် ယင်းနေ့က ဖလော်ရီဒါ ပြည်နယ်ရှိ မာအာလာဂိုနေအိမ်၌ ရီပက်ဘလစ်ကန် ပါတီ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် အစည်းအဝေး မထိုင်မီ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။

“သမ္မတ ပူတင်က မိမိနှင့် တွေ့ဆုံချင်နေကြောင်း၊ ရုရှား -ယူကရိန်း စစ်ပွဲကို မိမိတို့ မဖြစ်မနေ ရပ်တန့်ရမည် ဖြစ်ကြောင်း” ၎င်းက ပြောကြားခဲ့သည်။ ပူတင်နှင့် တွေ့ဆုံမည့် အချိန်အသေးစိတ်ကိုမူ ထရမ့်က ပြောကြားခဲ့ခြင်းမရှိပေ။ ယင်းမှာ ထရမ့်အနေဖြင့် ပူတင်နှင့် တွေ့ဆုံနိုင်မည့်အကြောင်းကို ယခု ရက်ပိုင်းအတွင်း ဒုတိယအကြိမ်ပြောဆိုခြင်းဖြစ်သည်။ ယခုလ ၇ ရက်က မာအာလာဂိုနေအိမ်၌ သတင်းစာ ရှင်းလင်းပွဲပြုလုပ် ရာတွင် ၎င်းအနေဖြင့် ဇန်နဝါရီ ၂၀ ရက် သမ္မတရာထူးတာဝန် မထမ်းဆောင်မီ ပူတင်နှင့်တွေ့ဆုံရန်မှာ မသင့်လျော်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ရုရှား-ယူကရိန်း ပဋိပက္ခ ၆ လအတွင်း အဆုံးသတ်မည်ဟု မျှော်လင့်ထားကြောင်း ထရမ့်က ပြောဆိုခဲ့သေးသည်။ 

ကိုးကား - ဆင်ဟွာ

Photo: NBC News