အမေရိကန် တောမီးငြှိမ်းသတ်ရန် အကျဉ်းသားများကို စည်းရုံးစေခိုင်းမှုမှာ ကြောင်သူတော်လုပ်ရပ်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပြု

News Image

  • အမေရိကန် တောမီးငြှိမ်းသတ်ရန် အကျဉ်းသားများကို စည်းရုံးစေခိုင်းမှုမှာ ကြောင်သူတော်လုပ်ရပ်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပြု

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် တောမီးလောင်ကျွမ်းနေမှုကို ငြှိမ်းသတ်နိုင်ရန် ရာနှင့်ချီသည့်အကျဉ်းသားများကို စည်းရုံးခဲ့သည့် သတင်းများအပေါ် အမေရိကန်၏ ကြောင်သူတော်လုပ်ရပ်ဖြစ်ကြောင်းရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Maria Zakharova က မှတ်ချက်ပြုပြောကြားလိုက်သည်။ 

တောမီးလောင်ကျွမ်းမှုငြှိမ်းသတ်နိုင်ရေး အကျဉ်းသား ၃၉၅ ဦး စေလွှတ်ခဲ့ကြောင်း၊ ထိုအကျဉ်းသားများအနက်အများစုမှာ အသေးအမွှားပြစ်မှု ကျူးလွန်ခဲ့သူများ ဖြစ်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ် ပြုပြင်ရေးနှင့် ပြန်လည်ထူထောင်ရေးဌာနကို ကိုးကား၍ ဝါရှင်တန် ပို့စ်က ဖော်ပြထားပါသည်။

အမေရိကန်သည် မကြာသေးမီနှစ်များအတွက် ရှင်ကျန်း ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အကျဉ်းသားများအား အဓမ္မလုပ်အားပေးစေခိုင်းမှုကြောင့် တရုတ်နိုင်ငံကို အကြိမ်ကြိမ်ဝေဖန်ထောက်ပြဖူးကြောင်း၊ ယခု ကယ်လီဖိုးနီးယားအာဏာပိုင်များက တောမီးလောင်မှုကို ငြှိမ်းသတ်ပေးရန် အကျဉ်းသားများကို စေခိုင်းမှုအတွက် ဒဏ်ခတ်အရေးယူရန် ဉပဒေကြမ်းကို ကွန်ဂရက် က ရေးဆွဲထားခြင်းရှိ၊ မရှိ သိချင်ပါကြောင်း သူမ၏ Telegram ချန်နယ်တွင် ပြောကြားလိုက်ပါသည်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ် တောမီးသည် ဇန်နဝါရီ ၇ ရက်တွင် စတင်လောင်ကျွမ်းပျံ့နှံ့ခဲ့ပြီး ခြောက်သွေ့ပြီး လေထန်သော ရာသီဥတုကြောင့် တောမီးလျင်မြန်စွာ ကူးစက်ခဲ့ရာ ဒေသခံ ၁၈၀,၀၀၀ နီးပါး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန် သတိပေးထုတ်ပြန်ခဲ့ရသည်။ တောမီးလောင်မှုကြောင့် ဒေသအတွင်း နေအိမ်အဆောက်အအုံ ၁၂,၃၀၀ ကျော် ပျက်စီးခဲ့ပြီး အမေရိကန်ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးခဲ့ကြောင်း သိရပါသည်။

ကိုးကား-TASS