တာလီဘန်တို့ အိန္ဒိယနှင့်နီးစပ်မှု ပါကစ္စတန် သတိထား စောင့်ကြည့်နေ

News Image

  • တာလီဘန်တို့ အိန္ဒိယနှင့်နီးစပ်မှု ပါကစ္စတန် သတိထား စောင့်ကြည့်နေ

တာလီဘန်တို့မြို့တော် ကဘူးလ်ကို ဩဂုတ်လ ၂၀၂၁ ခုနှစ်တွင် သိမ်းပိုက်ခဲ့စဉ်က "၂၀၀၁ ခုနှစ်မှစ၍ ပထမဆုံးအကြိမ် အာဏာပြန်လည်ရရှိပြီး ကျွန်ဘဝမှ လွတ်မြောက်ခဲ့ပြီ" ဟု ပါကစ္စတန်ဝန်ကြီးချုပ် အီရန်ခန်က ပြောကြားခဲ့ပါသည်။ 

တာလီဘန်များ၏ အာဏာကြီးစိုးမှုသည် ပါကစ္စတန်တို့၏ ဒေသတွင်းအာဏာလွှမ်းမိုးမှုကို တောက်လျှောက်မြှင့်တင်ပေးခဲ့ပါသည်။ ယခုအိန္ဒိယနိုင်ငံခြားရေး အတွင်းဝန်နှင့် တာလီဘန်နိုင်ငံခြားရေးဝန်ကြီးတို့၏ တွေ့ဆုံမှုအပေါ် ပါကစ္စတန်တို့က စိုးရိမ်နေရခြင်းမှာ တာလီဘန်မှတစ်ဆင့် အာဖဂန်နစ္စတန်အပေါ် စစ်ဗျူဟာအရ ထိန်းချုပ်နိုင်မည့် မဟာဗျူဟာအခွင့်အရေးလက်လွတ်သွားမည် စိုးရိမ်သည့်အတွက် ဖြစ်နိုင်ပါသည်။

ယင်းကဲ့သို့ တာလီဘန်နှင့် အိန္ဒိယတို့တွေ့ဆုံမှုသည် တာလီဘန်အပေါ် ပါကစ္စတန်တို့၏ ယုံကြည်မှုကို ကျဆင်းစေသည့်အတွက်  အာဖဂန်နစ္စတန်-ပါကစ္စတန် တို့၏ ဆက်ဆံရေးကို တားဆီးစေမည်လားဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်ပါသည်။  "အကယ်၍ အိန္ဒိယ၏ အာဖဂန်နစ္စတန်အပေါ် လွမ်းမိုးမှုသည် ပိုမို ကြီးမားလာပြီး အာဖဂန်နစ္စတန်- ပါကစ္စတန် ဆက်ဆံရေးပျက်ပြားလာပါက ယင်းတိုက်ခိုက်မှုများ၏ဆိုးကျိုးကို ပါကစ္စတန်နယ်နိမိတ်တစ်လျှောက် နေထိုင်နေရသော အာဖဂန်လူမျိုးများက ခံစားရမည်ဖြစ်ပါသည်" ဟု The Khorasan Diary ပူးတွဲတည်ထောင်သူ Iftikhar Firdous က Al jazerra သတင်းဌာနသို့ ပြောကြားထားပါသည်။

ကိုးကား -Aljazerra