အင်ဒိုနီးရှားနိုင်ငံ၌ ဆိုရှယ်မီဒီယာအသုံးပြုသည့် အသက်အရွယ် ကန့်သတ်ရန် စီစဉ်လျက်ရှိ

News Image

  • အင်ဒိုနီးရှားနိုင်ငံ၌ ဆိုရှယ်မီဒီယာအသုံးပြုသည့် အသက်အရွယ် ကန့်သတ်ရန် စီစဉ်လျက်ရှိ

ဂျကာတာ   ဇန်နဝါရီ ၁၆

အင်ဒိုနီးရှားနိုင်ငံ၌ ဆိုရှယ်မီဒီယာအသုံးပြုသည့် အသက်အရွယ်ကန့်သတ်ရန်နှင့် အခြားသောလူမှုကွန်ရက်ဆိုင်ရာ အစီအမံများကိုလည်း ချမှတ်ရန် စီစဉ်လျက်ရှိကြောင်း အင်ဒိုနီးရှားဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ဝန်ကြီးဌာနက ယနေ့ ပြောကြားသည်။

အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီရန်တိုနှင့် အင်ဒိုနီးရှားဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ဝန်ကြီး မီယူယာတို့သည် အဆိုပါအစီအစဉ်နှင့်ပတ်သက်ပြီး ဇန်နဝါရီ ၁၃ ရက်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပိုမိုအားကောင်းသည့် အွန်လိုင်းအသုံးပြုမှုဆိုင်ရာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအစီအမံများကို ရေးဆွဲလျက်ရှိစဉ် အသက်မပြည့်သေးသူများအား ဆိုရှယ်မီဒီယာအသုံးပြုခွင့်ကို တားမြစ်သည့် စည်းမျဉ်းတစ်ခုကို အရင်ဆုံးပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးမီယူယာက ပြောကြားသည်။

အသေးစိတ်အချက်အလက်များကို အစိုးရအဖွဲ့နှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး ယင်းအစီအစဉ်များနှင့်ပတ်သက်ပြီး ပြည်သူများက ကြိုဆိုလျက်ရှိကြောင်း ၎င်းကပြောကြားသည်။ 

Source: ကြေးမုံသတင်းစာ