ဒေါ်နယ်ထရမ့်သည် ၎င်း၏သမ္မတသက်တမ်း အစောပိုင်းကာလများအတွင်း တရုတ်နိုင်ငံသို့သွားရောက်ရန် စီစဉ်နေ
ဒေါ်နယ်ထရမ့်သည် ၎င်း၏ သမ္မတသက်တမ်း အစောပိုင်းကာလများအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ရန်စီစဉ်နေကြောင်း WSJ က ဖော်ပြထားပါသည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ကုန်သွယ်ရေး စစ်ပွဲအသစ်ဖြစ်လာမည့် အလားအလာကြောင့် တရုတ်ပြည်သူ့သမ္မတ ရှီကျင့်ဖျင်နှင့် ဆက်ဆံရေး ပိုမို ကောင်းမွန်လာစေရန် ၎င်း၏ သမ္မတ သက်တမ်း ပထမရက် ၁၀၀ အတွင်း တရုတ်နိုင်ငံသို့ သွားရောက်လိုကြောင်း သတင်းအရင်းမြစ်များကို ကိုးကား၍ Wall Street Journal က ဇန်နဝါရီ ၁၈ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။
ထိုင်ဝမ်အရေးကိစ္စနှင့် ဒေါ်နယ်ထရမ့်၏ တရုတ် သွင်းကုန်များအပေါ် အခွန်စည်းကြပ်ရန် ကတိပြုမှုကြောင့် နှစ်နိုင်ငံကြား ပထဝီနိုင်ငံရေးတင်းမာမှုများ ရင်ဆိုင်ရချိန်တွင် တရုတ်ခေါင်းဆောင်နှင့် ဆက်ဆံရေး ပိုမို နက်ရှိုင်းလာစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရင်းနှီးသူများအနေဖြင့် ဒေါ်နယ်ထရမ့် က တရုတ်နိုင်ငံသို့ သွားရောက်ရန် စိတ်ဝင်စားကြောင်း စာရွက်ပေါ်တွင် ပြောကြားခဲ့သော်လည်း အပြီးသတ် ဆုံးဖြတ်ချက် မချရ သေးကြောင်း သိရှိရပါသည်။
ကိုးကား - RT