Apple က အမေရိကန်၌ ရင်းနှီးမြှုပ်နှံသွားမည်ဟု ထရမ့် ပြောကြား
Apple အမှုဆောင်အရာရှိချုပ် Tim Cook က မိမိတို့ ကုမ္ပဏီအနေဖြင့် အမေရိကန်စီးပွားရေးအတွက် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်သွားမည် ဟု ကတိပြုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက် ပါသည်။
“Tim Cook အနေဖြင့် မိမိ၏ အမေရိကန်ရွေးကောက်ပွဲ ရလဒ်ကြောင့် အမေရိကန်၌ ၎င်းတို့၏ ကုန်ပစ္စည်း ထုတ်လုပ်မှုများအတွက် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံ ဆောင်ရွက်မည် ဖြစ်ကြောင်း” ဝါရှင်တန်ရှိ Capital One အားကစားကွင်း၌ ပြုလုပ်သည့် လူထုအစည်း အဝေးတွင် ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဒေါ်နယ်ထရမ့်သည် အမေရိကန်သို့ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ပြန်လည်ရောက်ရှိလာပြီး နိုင်ငံသားများ အတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီး ပေးနိုင်ရေးတို့အတွက် နိုင်ငံအတွင်း ကြီးမားသည့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ယခင်ကလည်း အကြိမ်ကြိမ်ပြောခဲ့ဖူးပါသည်။
ကိုးကား -TASS
Photo: New York Post