ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် အီလွန်မတ်၏ အမူအရာ ဝေဖန်ခံရ

News Image

  • ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် အီလွန်မတ်၏ အမူအရာ ဝေဖန်ခံရ

သမ္မတ ဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားအတွင်း အီလွန်မတ်စ်သည် ဖက်ဆစ်ပုံစံ အလေးပြုခြင်းအမူအရာပြုလုပ်ခဲ့သည်ဟုဆိုကာ ဝေဖန်မှုများမြင့်တက်နေလျှက်ရှိသည်။

“သမ္မတအဖြစ်ကို ဖြစ်မြောက်အောင်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ပဲ ပြောချင်ပါတယ်” ဟု ကမ္ဘာပေါ်ရှိ အချမ်းသာဆုံးပုဂ္ဂိုလ်လည်းဖြစ်ပြီး၊ SpaceX ကုမ္ပဏီ၊ X လူမှုကွန်ရက် နှင့် Tesla ကားကုမ္ပဏီတို့၏ပိုင်ရှင်လည်းဖြစ်ကာ၊ ထရမ့်မဲဆွယ်ကာလ အဓိကအလှူရှင်နှင့် လက်ရှိတွင်လည်း ထရမ့်အကြံပေးပုဂ္ဂိုလ်ဖြစ်သူ အီလွန်မတ်စ် ဝါရှင်တန်ရှိ Capital One Arena တွင် ပြောကြားခဲ့သည်။

ထို့သို့ပြောကြားပြီးနောက် မတ်စ်သည် ၎င်း၏ သူ၏ ညာလက်ဖဝါးကို ဘက်ဖက်ရင်ဘတ်သို့ ထိရိုက်လိုက်ကာ လက်ချောင်းများဆန့်လျက် ညာလက်မောင်းကို အပေါ်ထောင့်ဖြတ်၊ တန်းတန်းသို့ ပြန်လည်ဆန့်တန်းလိုက်ခြင်းဖြစ်သည်။

ပရိသတ်က ဩဘာပေးကြရာတွင် မတ်စ်က နောက်တစ်ကြိမ် ထိုပုံစံအတိုင်းပင် ထပ်မံလုပ်ပြခဲ့သေးသည်။

ထိုသို့ပြုလုပ်ခြင်းကို ဖက်ဆစ်နာဇီတို့၏ အလေးပြုနည်းအဖြစ် နှိုင်းယှဉ်ဝေဖန်လာကြသော်လည်း အီလွန်မတ်စ်ကမူ မည်သို့ပြန်လည်ဖြေရှင်း မှတ်ချက်ပြုခြင်းမရှိချေ။

Source: Popular Myanmar

ဆက်စပ်သတင်းများ- https://sacministry.gov.mm/my/news/1852