တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရို အစည်းအဝေးကို ရှီကျင့်ဖျင် ဦးဆောင်ကျင်းပ

News Image

  • တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရို အစည်းအဝေးကို ရှီကျင့်ဖျင် ဦးဆောင်ကျင်းပ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုသည့် ဇန်နဝါရီ ၂၀ ရက်(တနင်္လာနေ့)တွင် တရုတ်နိုင်ငံ၏ အမြင့်ဆုံးဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ (CPC) ၏ နိုင်ငံရေးဗျူရို အစည်းအဝေး ကို ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင် က သဘာပတိအဖြစ် ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ (NPC) ဦးဆောင်ပါတီဝင်များ၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံညီလာခံ (CPPCC)၊ ပြည်သူ့တရားရုံးချုပ် (SPC) နှင့် ပြည်သူ့ရှေ့နေချုပ် (SPP) တို့အပြင် CPC ဗဟိုကော်မတီအတွင်းရေးမှူးအဖွဲ့တို့၏ လုပ်ငန်းအစီရင်ခံစာအပေါ်   ကြားနာဆွေးနွေးပြီးနောက် ပြန်လည်သုံးသပ်ခဲ့ကြပါသည်။

ကိုးကား- တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်အမျိုးသားကော်မတီ                      

Photo: GSRRA