စင်္ကာပူကျောင်းများ၌ ကလေးများ ကျန်းမာရေးနှင့်အညီကျွေးမွေးမှုစနစ် စတင်

News Image

  • စင်္ကာပူကျောင်းများ၌ ကလေးများ ကျန်းမာရေးနှင့်အညီကျွေးမွေးမှုစနစ် စတင်

စင်္ကာပူ၊ဇန်နဝါရီ ၂၂

စင်္ကာပူကျောင်းများ၌ မူလတန်းအရွယ် ကလေးများအတွက် တစ်ဦးချင်းစီ၏ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်ကျွေးမွေးမှုပုံစံကို စတင်ကျင့်သုံးမည်ဖြစ်ကြောင်းသိရသည်။

ကလေးတစ်ဦးစီ၏ လူနေမှုပုံစံ သတ်မှတ်ချက်၊ကျန်းမာရေးစစ်ဆေးမှုရလဒ်များ၊ကာကွယ်ဆေးထိုးမှတ်တမ်းများနှင့် လိုအပ်ပါက ကျန်းမာရေးဌာနများသို့ လွှဲပြောင်းပေးပို့ခြင်းများလည်းပါဝင်သည့် ယခုကျန်းမာရေးစီမံချက်ကို ကျန်းမာရေးဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာနနှင့် လူမှုရေးနှင့်မိသားစုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့ကပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

စာသင်နှစ်အစကတည်းက ကျောင်းသားမိဘများသည် ၎င်းတို့ကလေး၏ အလေ့အကျင့်နှင့်ပတ်သက်သော အချက်အလက်များအတွက် ကလေး၏လူနေမှုပုံစံ စစ်တမ်းမေးခွန်းလွှာကို ဖြေဆိုရမည်ဖြစ်သည်ဟုဆိုသည်။

ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း ကလေးတစ်ဦးချင်းစီ၏ အမူအကျင့်နှင့် ကျန်းမာရေးအခြေအနေတို့နှင့်ပတ်သက်၍ မိဘများဖြည့်သွင်းထားသည့် မေးခွန်းလွှာမှအဖြေများကို အခြေခံ၍ ကလေးများနှင့် ထိတွေ့ဆက်ဆံကာ အနာဂတ်နေထိုင်မှုဘဝပုံစံကို ဆွေးနွေးရမည်ဖြစ်သည်။

ယင်းသို့ပြုလုပ်ပေးခြင်းအားဖြင့် ကလေးမိဘများအနေဖြင့်လည်း မိမိတို့ကလေးများနှင့်ကိုက်ညီသည့် ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်မှုပုံစံနှင့် တစ်ဦးချင်းအလေ့အကျင့်‌များကိုသိနိုင်လာမည်ဟုလည်းပြောကြားခဲ့သည်။

Source : Popular Myanmar