တစ်နှစ်တာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယာဉ်တိုက်မှုကြောင့် လူ (၂၀၀၀) ကျော်အထိ သေဆုံးခဲ့

News Image

  • တစ်နှစ်တာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယာဉ်တိုက်မှုကြောင့် လူ (၂၀၀၀) ကျော်အထိ သေဆုံးခဲ့

တစ်နှစ်တာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယာဉ်တိုက်မှုကြောင့် လူ (၂၀၀၀) ကျော် သေဆုံးခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရသိရှိရသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ယာဉ်တိုက်မှုပေါင်း (၃၈၇၅) ကြိမ်ဖြစ်ပွားခဲ့ရာ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် (၁၀)ကြိမ်ကျော်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်တိုက်မှုများကြောင့် သေဆုံးသူ (၂၀၁၁) ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ(၅၅၇၆) ဦး ရှိခဲ့ကြောင်းသိရှိရသည်။

ယာဉ်တိုက်မှုများအနက် ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုအကြိမ်ရေ (၈၄၃) ကြိမ်ဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၄၄၆) ဦး နှင့် ထိခိုက် ဒဏ်ရာရရှိသူ (၉၄၄) ဦး ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုပေါင်း (၅၇၄) ကြိမ်ဖြင့် ဒုတိယအများဆုံးဖြစ်ပွားခဲ့ရာ သေဆုံးသူ (၂၀၅) ဦး နှင့် ဒဏ်ရာရရှိသူ (၉၁၈) ဦး ရှိခဲ့ကြောင်းသိရှိရသည်။

အလားတူ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှု ပေါင်း (၂၀၃) ကြိမ် ဖြစ်ပွားခဲ့ရာ (၃၆၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၈၈) ဦး သေဆုံးခဲ့ကြောင်းသိရှိရသည်။

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၄ ခုနှစ်၌ စုစုပေါင်း ယာဉ်တိုက်မှုပေါင်း (၃၈၇၅) ကြိမ် ဖြစ်ပွားခဲ့ရာ ၂၀၂၃ ခုနှစ်တွင် ယာဉ်တိုက်မှု (၄၇၇၂) ကြိမ်နှင့် နှိုင်းယှဉ်ပါက (၈၉၇) ကြိမ် လျော့ကျသွားခဲ့ပြီး သေဆုံးသူ (၄၁၁) ဦး လျော့ကျသွားခဲ့ကြောင်းသိရှိရပါသည်။

ကိုးကား-NP News