ကင်ဆာဆဲလ်များကို သတ်နိုင်သော Nano Bots များ တီထွင်ဖန်တီး
သိပ္ပံပညာရှင်များသည် လူ့ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းနိုင်သည့် အရွယ်အစားအလွန်သေးငယ်သော စက်ရုပ်ငယ်များကို တီထွင်နိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။ Nano Bots ဟု ခေါ်ဆိုသော စက်ရုပ်ငယ်များကို လူ့ခန္ဓာကိုယ်ထဲသို့ထည့်သွင်းကာ ဆေးကုသရန် ဖြစ်ပါသည်။
ယခုအခါ ဆွီဒင်သိပ္ပံပညာရှင်များသည် ကင်ဆာဆဲလ်များကို သတ်ပေးနိုင်သည့် Nano Bots များကို အောင်မြင်စွာ တီထွင်နိုင်လိုက်ပြီဖြစ်သည်။ ပညာရှင် များက Nano Bots များတွင် လက်နက်တပ်ဆင်ထားသည်ဟု ဆိုပါသည်။
Nano Bots များကို ကြွက်များနှင့်စမ်းသပ်သည့်အခါတွင် ကျန်းမာသောတစ်သျှူးများကို မထိခိုက်စေဘဲ အလုံးအကျိတ်များကို ဖျက်ဆီးပေးနိုင်ပါသည်။ ရင်သားကင်ဆာရှိသည့် ကြွက်တွင် စက်ရုပ်ငယ်များသည် အကျိတ်ကို ၇၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါသည်။
အဆိုပါ Nano Bots များကို ဆွီဒင်နိုင်ငံ Solna မှ Karolinska Institutet က တီထွင်ထားခြင်းဖြစ်ပြီး သုတေသနပညာရှင်အဖွဲ့အား ပါမောက္ခ Bjorn Hogberg က ဦးဆောင်ခဲ့ခြင်းဖြစ်ပါသည်။
လူသန်းပေါင်းများစွာကို အသက်သေဆုံးစေသည့် ကင်ဆာရောဂါကို မကြာခင်တွင် Nano Bots များက ကုသပေးနိုင်တော့မည်ဖြစ်ပါသည်။
ကိုးကား-Tech Explorers
Photo: Futures Platform