မိုးနဲမြို့နယ်၌ ဆောင်းသီးနှံကြက်သွန်ဖြူ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

News Image

  • မိုးနဲမြို့နယ်၌ ဆောင်းသီးနှံကြက်သွန်ဖြူ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မိုးနဲ    ဇန်နဝါရီ    ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)    မိုးနဲမြို့နယ်၌စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးသော  ကြက်သွန်ဖြူစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နှစ်စဉ် ဆောင်းရာသီတွင် ချောင်းရေတင်ပြီး ကြက်သွန်ဖြူ စိုက်ပျိုးကြောင်း၊   စိုက်ပျိုးရာတွင်ကုန်ကျစရိတ်သက်သာပြီး   အပင်ပြုစုရာတွင်သက်သာကြောင်း၊  ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများကို  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ပိုးမွှားကျရောက်မှုကင်းစင်ရေး၊ သဘာဝပိုးသတ်ဆေးသုံးစွဲရေး စသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာများဖြန့်ဝေပေးလျက်ရှိကြောင်း တောင်သူဦးစိုင်းအောင်ဖေကပြောသည်။

မိုးနဲမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကြက်သွန်ဖြူကို ၈၈၉ ဧက စိုက်ပျိုးထားရှိပြီး မိသားစုအပိုဝင်ငွေရရှိရေး ဟင်းသီးဟင်းရွက်မျိုးစုံကိုလည်း စိုက်ပျိုးထားကြောင်း၊ တောင်သူများအတွက် ရာသီဥတုနှင့်ကိုက်ညီ၍ အထွက်နှုန်းကောင်းသည့်  မျိုးကောင်းမျိုးသန့်ရရှိရေးနှင့်  ပြောင်းလဲလာသည့်ခေတ်နှင့်အညီ ခေတ်မီနည်းစနစ်များပြောင်းလဲစိုက်ပျိုးနိုင်ရေးတို့ကို   စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများကကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

Source: Myawady Web Portal