တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဆေးလိပ်မသောက်သူများကြား အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်လာ

News Image

  • တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဆေးလိပ်မသောက်သူများကြား အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်လာ

ဂျီနီဗာ  ဖေဖော်ဝါရီ ၅

ဆေးလိပ်မသောက်သူများကြား အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်းမှာ တစ်မ္ဘာလုံးအတိုင်းအတာအရ မြင့်တက်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဖေဖော်ဝါရီ ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးလုံးဝမသုံးစွဲဖူးသူများကြား အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်းမှာ ကမ္ဘာတစ်ဝန်းအဆုတ်ကင်ဆာဖြစ်ပွားမှုများ၏ ငါးပုံတစ်ပုံထိရှိလာကြောင်း WHO ၏ အဆိုအရ သိရသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးလုံးဝမသုံးစွဲသူများ ဖြစ်ပွားတတ်သည့် အဆုတ်ကင်ဆာရောဂါအမျိုးအစားလေးမျိုးအနက် Adenocarinoma အဆုတ်ကင်ဆာသည် အဖြစ်အများဆုံး အဆုတ်ကင်ဆာဖြစ်ကြောင်း နိုင်ငံတကာကင်ဆာရောဂါ သုတေသနအေဂျင်စီ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးလုံးဝမသုံးစွဲသူများကြား အဆုတ်ကင်ဆာဖြစ်ပွားမှု မြင့်တက်လာခြင်းသည် လေထုညစ်ညမ်းမှုပြဿနာအပါအဝင် အခြားအကြောင်းအရာများနှင့် ဆက်စပ်နေနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော Adenocarinoma အဆုတ်ကင်ဆာရေဂါဖြစ်စဉ်များအနက် ၂၀၀၀၀၀ ခန့်မှာ လေထုညစ်ညမ်းမှုနှင့် ဆက်စပ်နေကြောင်း နိုင်ငံတကာ ကင်ဆာရောဂါသုတေသနအေဂျင်စီ၏ အဆိုအရ သိရသည်။

Source: ရတနာပုံသတင်းစာ

Photo: Daily News