အမေရိကတွင် ဝက်ကျောက်ကပ် အစားထိုးကုသမှု နောက် တစ်ယောက် အောင်မြင်
ဟမ်ရှိင်းယား မှ အသက် ၆၆ နှစ်အရွယ်ရှိ တင်မ်အန်ဒရူးသည် ဝက်ကျောက်ကပ်အစားထိုးကုသမှုဖြင့်အသက်ရှင်နေထိုင်သည့် ဒုတိယမြောက်လူသား ဖြစ်လာပါသည်။ စမ်းသပ်လေ့လာမှုများ ကြိမ်ဖန်များစွာ ပြုလုပ်ပြီး အစားထိုးကုသရန် လပေါင်းများစွာ ကြိုတင်ပြင်ဆင် ပြီးနောက် အန်ဒရူးကို ဇန်နဝါရီ ၂၅ ရက်နေ့က ဝက် ကျောက်ကပ် အစားထိုးပေးလိုက်ပြီး တစ်ပတ်အကြာတွင်မက်ဆာချူးဆက် အထွေထွေဆေးရုံမှ ဆင်းခွင့်ပေးလိုက်ကာ တင်မ်အန်ဒရူးသည် ဝက်ကျောက်ကပ်ဖြင့် အသက်ရှင် နေထိုင်သော ဒုတိယမြောက် လူသား ဖြစ်လာပါသည်။
ယခုတွင် သူသည် ကျောက်ကပ်ဆေးနေရသည့် ဘဝမှ လွတ်မြောက်ပြီး တိရစ္ဆာန်မှလူသားသို့ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသနိုင်ခဲ့သည့် နောက်ထပ်အောင်မြင်မှု တစ်ခု ဖြစ်လာခဲ့ပါသည်။ အန်ဒရူးသည် လွန်ခဲ့သည့် နှစ်နှစ် ခန့်က ကျောက်ကပ်ဆိုင်ရာ ချိုယွင်းမှုဖြင့် ရုန်းကန်နေရပြီး အစားထိုးကုသမှုစာရင်းတွင် ပါဝင်နေသော်လည်း လိုက်ဖက်သော ကျောက်ကပ်တစ်ခုအတွက် ခုနစ်နှစ်ကျော် စောင့်ဆိုင်းခဲ့ရသည်။
ကျောက်ကပ်ဆေးခြင်းဆိုင်ရာ ရှုပ်ထွေးမှုများနှင့် နှလုံးပြဿနာများကြောင့်၎င်း၏ အသက်ရှင်နိုင်ခြေ နည်းပါးခဲ့ရပြီး အခြားရွေးချယ်စရာတစ်ခုကို ရှာဖွေရန် စိတ်ပိုင်း ဖြတ်ထားပြီး စမ်းသပ်ဝက်ကျောက်ကပ် အစားထိုးကုသမှုအတွက် စေတနာ့ဝန်ထမ်းလုပ်ခဲ့သည်။ ၎င်းက ကြံ့ခိုင်မှု တိုးတက်စေရန်အတွက် ကျယ်ပြန့်သော ရုပ်ပိုင်းဆိုင်ရာ ကုထုံးကိုခံယူခဲ့ပြီး ပေါင် ၃၀ ချနိုင်ခဲ့ပါသည်။ ထို့နောက်တွင် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာကာ အစားထိုးကုသမှုကို ပြုလုပ်နိုင်ခဲ့ပါသည်။
ကိုးကား-Myanmar National Post