အမေရိကန်၏ ရန်ပုံငွေထည့်ဝင်မှုရပ်ဆိုင်းလိုက်ခြင်းကြောင့် ကမ္ဘာလုံး ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုမှာ ခြိမ်းခြောက်မှုအန္တရာယ်ဖြင့် ရင်ဆိုင် နေရကြောင်း WHO အကြီးအကဲ သတိပေး
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ Tedros Adhanom Ghebreyesusက အမေရိကန်ပြည်ထောင်စု၏ ရန်ပုံငွေထည့်ဝင်မှု အကူအညီ ရပ်ဆိုင်းခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအစီအစဉ်များ အပေါ် ပြင်းထန်သော သက်ရောက်မှုများရှိနေကြောင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် သတိပေးလိုက်ပါသည်။
အမေရိကန်အစိုးရအနေဖြင့် ရန်ပုံငွေထည့်ဝင်မှုအကူအညီ ရပ်ဆိုင်းလိုက်ခြင်းကြောင့် HIV ရောဂါကုသရေး၊ ပိုလီယိုရောဂါ၊ မျောက်ကျောက် ရောဂါ (mpox) နှင့် ငှက်ဖျားရောဂါ (avian influenza) တိုက်ဖျက်ရေး အစီအစဉ်များ ထိခိုက်သွားကြောင်း၊ အထူးသဖြင့် နိုင်ငံပေါင်း ၅၀ အတွင်း အရေးပေါ် AIDS ကုသရေးအစီအစဉ်ဖြစ်သည့် HIV ကုသမှု၊ စမ်းသပ်မှု နှင့် ကာကွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအား ချက်ချင်းရပ်တန့်ခဲ့ရကြောင်း ၎င်းက ဆိုထားပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အမေရိကန်ပြည်ထောင်စု နုတ်ထွက်မှုကြောင့် ယခုအခါ မိမိတို့မှာ ဘတ်ဂျက် လျှော့ချရန် အစီအစဉ်များကို ဆောင်ရွက် နေရပြီး အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း အခက်အခဲ များစွာ ရင်ဆိုင်နေရသဖြင့် အမေရိကန်အစိုးရအနေဖြင့် ရန်ပုံငွေ ရပ်ဆိုင်းမှုကို ပြန်လည်စဉ်းစားရန် ၎င်းက တိုက်တွန်းထားပါသည်။
ကိုးကား- ကုလသမဂ္ဂအဖွဲ့ (UN)