နို့အချဉ်ဖောက်ချိန်တွင် ထွက်ပေါ်တတ်သည့် ဗက်တီးရီးယားတစ်မျိုးက အော်တစ်ဇင်၏ လက္ခဏာတချို့ကို လျှော့ချပေးနိုင်
ပေကျင်း ဖေဖော်ဝါရီ ၁၉
နို့အချဉ်ဖောက်ချိန်တွင် ထွက်ပေါ်လာတတ်သော အကျိုးပြုဗက်တီးရီးယားတစ်မျိုးသည် အော်တစ်ဇင်ရောဂါ၏ လက္ခဏာတချို့ကို လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း ဖေဖော်ဝါရီ ၁၈ ရက်သတင်းများအရ သိရသည်။
လက်ရှိအချိန်တွင် အော်တစ်ဇင်ရောဂါကို စိတ်ကျန်းမာရေးဆေးဝါးများဖြင့် ဆေးပညာရှင်များက ကုသပေးနေရသည်။
သို့ရာတွင် တရုတ်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ Lactobacillus Murinus ခေါ် ဗက်တီးရီးယားတစ်မျိုးသည် အော်တစ်ဇင် ရောဂါလက္ခဏာတချို့ကို လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း သိရသည်။
တရုတ် သုတေသနပညာရှင်များသည် အော်တစ်ဇင် လက္ခဏာများထည့်ထားသည့် ကြွက်များကို Lactobacillus Murinus ဗက်တီးရီးယားဖြင့် ရက် ၃၀ ကြာ ကုသပေးခဲ့ရာ ကြွက်များ၏ သင်ယူနိုင်မှုစွမ်းရည်နှင့် ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေထိတွေ့နိုင်စွမ်းများ ပို၍အားကောင်းလာကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ကြသည်။
မိမိတို့၏ လေ့လာတွေ့ရှိချက်အရ Lactobacillus Murinus ဗက်တီးရီးယားကုထုံးများကဲ့သို့ပင် ထိရောက်မှုရှိနိုင်ကြောင်း တရုတ်သုတေသန ပညာရှင်များက ပြောကြားသည်။
Lactobacillus Murinus ဗက်တီးရီးယားများကို ဒိန်ချဉ်နှင့် ဒိန်ခဲကဲ့သို့ နို့ထွက်ပစ္စည်းများ၌ တွေ့ရတတ်ကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ