မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့ ကစားမည့် အရေးကြီးပွဲစဉ်ကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် အန်တိုနီတေလာ တာဝန်ယူကြီးကြပ်မည်
လန်ဒန် ဖေဖော်ဝါရီ ၁၉
မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့ကစားမည့် အရေးကြီးပွဲစဉ်ဖြစ်သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၆)ပွဲစဉ်ကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် ထိပ်တန်းဒိုင်လူကြီးတစ်ဦးဖြစ်သည့် အန်တိုနီတေလာက တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။
မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့သည် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၆)အဖြစ် လာမည့် ဖေဖော်ဝါရီ ၂၃ ရက်တွင် မန်စီးတီးအသင်း အိမ်ကွင်းတွင် ကစားသွားရမည်ဖြစ်သည်။
မန်စီးတီးအသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် အသင်းရလဒ်ပိုင်းမတည်ငြိမ်မှုများကြောင့် ရလဒ်ပိုင်းများ မတည်မငြိမ်ဖြစ်ခဲ့သည့်အတွက် ချန်ပီယံဆုလက်လွှတ်ရရန် ရာခိုင်နှုန်းများနေသော်လည်း ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်အတွက်လည်း အဆင့်(၅)နေရာမှ ဘုန်းမောက်အသင်းနှင့် တစ်မှတ်၊ အဆင့်(၆)နေရာမှ ချဲလ်ဆီးအသင်းနှင့် ရမှတ်တစ်မှတ်၊ အဆင့်(၇)နေရာမှ နယူးကာဆယ်အသင်းနှင့် ရမှတ်သုံးမှတ်သာ ကွာဟနေသည့်အတွက် လက်ကျန်ပွဲစဉ်များတွင် ရုန်းကန်ရဖွယ်ရှိနေသည်။
အလားတူ လီဗာပူးအသင်းသည်လည်း အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်လျက် ရှိနေသော်လည်း အဆင့်(၂)နေရာမှ အာဆင်နယ်အသင်းနှင့် ရမှတ်ကွာဟမှု ကျဉ်းမြောင်းနေသည့်အတွက် လက်ကျန်ပွဲစဉ်များတွင် ချန်ပီယံဆုအတွက် ရမှတ်လိုအပ်ချက်များရှိနေဆဲဖြစ်သောကြောင့် မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့ကြား ထိပ်တိုက်တွေ့ဆုံသည့်ပွဲစဉ်မှာ နှစ်သင်းစလုံးအတွက် အရေးပါသည့်ပွဲစဉ် ဖြစ်လာမည်ဖြစ်သည်။
ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကာလရှည်တာဝန်ထမ်းဆောင်လျက်ရှိနေသည့် ကွင်းလယ်ဒိုင်တစ်ဦးဖြစ်သည့် ယခုနှစ်ဘောလုံးရာသီတွင်လည်း မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့ ပွဲစဉ်မတိုင်မီကလည်း အသင်းကြီးများ ထိပ်တိုက်တွေ့ဆုံသည့်ပွဲစဉ်အများစုကိုလည်း တာဝန်ယူကြီးကြပ်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ