ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်

News Image

  • ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်

နေပြည်တော်   ဖေဖော်ဝါရီ   ၂၂

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စေတီတော်မြတ်ကြီး၏ တပေါင်းကွင်းအတွင်း၌ မတ်လ ၇ ရက်မှ ၁၃ ရက်အထိ ခုနစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်တွင် ရေကျော်ဂီတဖျော်ဖြေရေးအဖွဲ့၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဖျော်ဖြေရေးအဖွဲ့၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ဖျော်ဖြေရေးအဖွဲ့နှင့် မြဝတီရုပ်မြင်သံကြားဖျော်ဖြေရေး အဖွဲ့တို့က အလှည့်ကျဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူးပြည်သူများအနေဖြင့်   ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုရင်း တပေါင်းပွဲတော်ကြီးအား  ပါဝင်ဆင်နွှဲနိုင်ကြောင်း ဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Source: Myawady Web Portal