COVID-19 ကဲ့သို့ ကူးစက်နိုင်သည့် လင်းနို့ကိုရိုနာဗိုင်းရပ်စ် အသစ်တစ်မျိုးတွေ့ရှိကြောင်း တရုတ် သုတေသနပညာရှင်များ ပြောကြား
တရုတ်သုတေသီပညာရှင်များသည် COVID-19 ကဲ့သို့ ကူးစက်နိုင်သည့် လင်းနို့ကိုရိုနာ ဗိုင်းရပ်စ်အသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါဗိုင်းရပ်စ်သည် ဟောင်ကောင်ရှိ pipistrelle ဂျပန်လင်းနို့မျိုးစိတ်တွင် ပထမဆုံး တွေ့ရှိခဲ့သည့် HKU5 ကိုရိုနာဗိုင်းရပ်စ် အသစ်တစ်မျိုးဖြစ်ကြောင်း South China Morning Post သတင်းစာတွင် ဖော်ပြထားသည်။
ထို့ပြင် Guangzhou Laboratory မှ သုတေသနပညာရှင် Shi Zhengli ဦးဆောင်၍ Guangzhou Academy of Sciences၊ Wuhan University နှင့် Wuhan Institute of Virology မှ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်၍ လင်းနို့များနှင့်ပတ်သက်သည့် သုတေသနစာတမ်းအား ရေးသားခဲ့ကြောင်း ဖော်ပြထားသည်။
သုတေသနပညာရှင်များသည် နမူနာလင်းနို့များရှိ ဗိုင်းရပ်စ်ကိုရယူ၍ စမ်းသပ်စစ်ဆေးသည့်အခါ ၎င်းဗိုင်းရပ်စ်များသည် လူသားဆဲလ်များအား ကူးစက်နိုင်ကြောင်း တွေ့ရှိခဲ့ပြီး လင်းနို့များရှိ merbecoviruses များသည် အခြေအနေပေးပါက လူသားများထံ တိုက်ရိုက် သို့မဟုတ် ကြားခံသတ္တဝါ တစ်မျိုးမျိုးမှတစ်ဆင့် ကူးစက်နိုင်ခြေမြင့်မားကြောင်း သတိပေး ပြောကြား ခဲ့သည်။
Shi နှင့် သုတေသနအဖွဲ့က HKU5-CoV-2 ဟု အမည်ပေးထားသော အဆိုပါဗိုင်းရပ်စ် အသစ်သည် မျိုးစိတ်များအကြား ကူးစက်နိုင်ခြေပို မြင့်မားကြောင်း ထောက်ပြခဲ့ပြီး အဆိုပါဗိုင်းရပ်စ်သည် လူသားများတွင် ဖြစ်ပွားနိုင်သည့်အန္တရာယ် မကြီးမားသဖြင့် အလွန်အမင်း မကြောက်လန့် သင့်ကြောင်း သတိပေးခဲ့သည်။ သို့သော် အဆိုပါ ဗိုင်းရပ်စ်ကို နောက်ထပ် စောင့်ကြည့်လေ့လာရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား-TASS