မလေးရှားနိုင်ငံ၊ ပီနန်၌ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး မျက်လုံးပုံစံ ဂျယ်လီခြောက်စားပြီး သေဆုံး
မလေးရှားနိုင်ငံ၊ ပီနန်၌ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး စားပွဲတင်တင်းနစ် ဘောလုံးအရွယ် မျက်လုံးပုံစံ ဂျယ်လီခြောက် စားပြီး နောက် ဖေဖော်ဝါရီလ ၂၀ ရက်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ကလေးငယ်သည် ဖေဖော်ဝါရီ ၁၈ ရက်တွင် ပီနန်ပြည်နယ်၊ ဆီကို လာကဲဘန်ဆန် ဆန်ဂိုင်ဒူအာ အဝန်းအဝိုင်းရှိ ကျောင်းဝင်းအပြင်ဘက် မုန့်ဆိုင်မှ ဝယ်ယူခဲ့သည့် မျက်လုံးပုံသဏ္ဍာန်ဂျယ်လီခြောက်ကို ဝယ်ယူ စားသောက်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၃ဝ မိနစ် အချိန်တွင် ကျောင်းသားသည် သူငယ်ချင်းများနှင့်အိမ်သာသွားစဉ် လမ်း၌လဲကျ သတိလစ်သွားခဲ့ခြင်း ဖြစ်သည်ဟု ပီနန်သတင်းဌာန Guang Ming Daily ၏ ဖော်ပြချက်အရ သိရပါသည်။
ထို့နောက် Seremban Jaya ဆေးရုံ အရေးပေါ်ဌာန၏ ဆေးဘက် ဆိုင်ရာဝန်ထမ်းတစ်ဦး အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီး ကျောင်းသား ၏လည်ချောင်းထဲမှ ဂျယ်လီခြောက်ကို ဖယ်ထုတ်ပေးနိုင်ခဲ့သော်လည်း သတိလစ်နေဆဲဖြစ်ခြင်းကြောင့် ပီနန်အထွေထွေရောဂါကုဆေးရုံကြီးကို အလျင်အမြန်ပို့ဆောင်ခဲ့ရကာ နောက်ပိုင်းတွင် သေဆုံးသွားခဲ့ပါသည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ၎င်းထုတ်ကုန်ရောင်းချမှုကို အွန်လိုင်းပလက်ဖောင်းအားလုံးနှင့် ဒေသအတွင်း ဈေးကွက်များတွင် တင်းကြပ်စွာတားမြစ်ခဲ့သည့်အပြင် အများ ပြည်သူများအနေဖြင့်လည်း အထူးသဖြင့် မိဘများအနေဖြင့် ကလေးများကို အစားအသောက် ရွေးချယ်ကျွေးမွေးရာ၌ အထူးသတိထားရန်လည်း အကြံပြုတိုက်တွန်းထားပါသည်။
ကိုးကား-NP News