ဆင်ဖြူတော် ဘဒ္ဒဝတီ (၅၃) နှစ် သေဆုံး

News Image

  • ဆင်ဖြူတော် ဘဒ္ဒဝတီ (၅၃) နှစ် သေဆုံး
  • ဆင်ဖြူတော် ဘဒ္ဒဝတီ (၅၃) နှစ် သေဆုံး

ဖေဖော်ဝါရီ ၂၂ ရက် နေ့လယ်ပိုင်းအချိန်က ဆင်ဖြူတော် ဘဒ္ဒဝတီ(အမ) (၅၃) နှစ်သည် အစာစားနေစဉ် မူးလဲသွားပြီး ၉၆ ပါး ရောဂါဖြင့် သေဆုံးသွားခဲ့ပါသည်။

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အရှေ့ဘက်မုခ်၊ ရတနာဆင်ဖြူတော် အဆောင်တွင် ဆင်ဖြူ အထီး ၂ ကောင်၊ အမ ၅ ကောင်၊ ဆင်မဲ အထီး ၁ ကောင်၊ အမ ၂ ကောင်၊ ပေါင်း ၁၀ ကောင်ရှိသည့်အနက် ဘဒ္ဒဝတီ အမည်ရ ဆင်ဖြူ(အမ) သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဘဒ္ဒဝတီအား ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်တွင် မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းရွာ၌ ပေါ်ထွန်းခဲ့ပြီး နေပြည်တော်သို့ ၂၀၁၀ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု သိရှိရပါသည်။

ကိုးကား- ပြည်တွင်းသတင်းအရင်းအမြစ်