တံတားဦးမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံ အသိပေး နှိုးဆော်

News Image

  • တံတားဦးမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံ အသိပေး နှိုးဆော်

တံတားဦး၊ ဖေဖော်ဝါရီ - ၂၄

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကင်းဝေးရေးနှင့် မီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေး ၊ မီးဘေးသတိရှိရေး စသည်တို့ကို ရည်ရွယ်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဖေဖော်ဝါရီ ၂၂ ရက်၊ ညနေ (၅) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်း၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကြောင်းသိရသည်။

ထိုသို့အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်သူအောင် ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များနှင့်အတူ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်  ပြည်သူများအနေဖြင့် မိမိတို့ နေအိမ်များတွင် မီးချိတ် ၊ မီးကပ်  ၊ သဲပုံး ၊ ရေပုံးများနှင့် မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိကြရန်၊  လျှပ်စစ် မီးများအသုံးပြုရာတွင်လည်း မီးဘေးလုံခြုံရေးအတွက် အထူးဂရုပြုကိုင်တွယ်အသုံးပြုကြရန်၊ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးကြရန် စသည်တို့ကို မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများ၌ မီးသတ်ယာဉ်ဖြင့်လှည့်လည်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးကြောင်းသိရသည် ။

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများမီးဘေးလုံခြုံရေးအတွက် ရပ်ကွက်ကျေးရွာများသို့ တစ်အိမ်တက်တစ်အိမ်ဆင်းစစ်ဆေးခြင်း၊ မြို့မဈေးစစ်ဆေးခြင်း၊ စက်သုံးဆီဆိုင်များစစ်ဆေးခြင်း၊ ဌာနဆိုင်ရာများ မီးဘေးအန္တရာယ် သရုပ်ပြခြင်း၊ ပြည်သူလူထုအတွင်းမီးဘေးလုံခြုံရေး စိမ့်ဝင်ပျံ့နှံ့စေရန် အသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည် ။

ဦးရဲတင့် (ပြန်/ဆက်)

၀၉-၇၉၇၄၃၈၃၀၅