ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းများ ဖျက်ဆီး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်က ဘိန်းစိုက်ခင်းဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် လွိုင်လင်မြို့နယ်၊ ဟွေမုန်ငယ်ကျေးရွာ၏ အနောက်မြောက်ဘက် ၆ ဖာလုံခန့်ရှိ အမြင့် သုံးပေခန့် ဘိန်းခင်း ခြောက်ဧကခန့်နှင့် ဟွေကုန်ကျေးရွာ၏ အရှေ့မြောက်ဘက် ၅ ဖာလုံခန့်ရှိ အမြင့် သုံးပေခန့် ဘိန်းခင်း လေးဧကခန့်အားလည်းကောင်း။
အလားတူ နံနက် ၈ နာရီ ၄၀ မိနစ်တွင် ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ရေခေါက်ကျေးရွာ၏ တောင်ဘက် ၃ ဖာလုံခန့်ရှိ အမြင့် သုံးပေခန့် ဘိန်းခင်း ၃၀ ဧကခန့်အားလည်းကောင်း။
အလားတူ နံနက် ၉ နာရီ ၅ မိနစ်တွင် ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ နားစေးစောက်ကျေးရွာ၏ အနောက်တောင်ဘက် ၆ ဖာလုံခန့်ရှိ အမြင့် သုံးပေခန့် ဘိန်းခင်း ၁၃ ဧကခန့်တို့အားလည်းကောင်း အသီးသီးဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm