ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းများ ဖျက်ဆီး

News Image

  • ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းများ ဖျက်ဆီး

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ဟဲနန်းကျေးရွာအုပ်စု၊ ပေါင်းလိုင်းကျေးရွာမြောက်ဘက် ၄ ဖာလုံခန့်အကွာ၌ အမြင့် သုံးပေခန့်ရှိ ဘိန်းခင်း လေးဧကခန့်၊ ဟွေကုန်ကျေးရွာအရှေ့တောင်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ အမြင့် သုံးပေခန့်ရှိ ဘိန်းခင်း သုံးဧကခန့် စုစုပေါင်းဘိန်းခင်း ခုနစ်ဧကခန့်အားလည်းကောင်း။
အလားတူ နံနက် ၈ နာရီ ၄၀ မိနစ်တွင် ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ မင်းဘူးကျေးရွာအုပ်စု၊ ကလင်ကျေးရွာအနောက်ဘက် ၇ ဖာလုံ ခန့်အကွာ၌ အမြင့် သုံးပေခန့်ရှိ ဘိန်းခင်း ၂၀ ဧကခန့်အားလည်းကောင်း။

အလားတူ နံနက် ၉ နာရီ ၅ မိနစ်တွင် ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ဘန့်ဗွီးကျေးရွာအုပ်စု၊ နားစေးစောက်ကျေးရွာအနောက်ဘက် ၁ ဖာလုံခန့်အကွာ၌ အမြင့် သုံးပေခန့်ရှိ ဘိန်းခင်း ၁၃ ဧကခန့်တို့အား အသီးသီးဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm