ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းများဖျက်ဆီး
၂၀၂၅ ခုနှစ်၊ မတ် ၁ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၅ ခုနှစ်၊ မတ် ၁ ရက်တွင် ပင်လောင်းမြို့နယ်၊ ခေါပူကျေးရွာအရှေ့ဘက် ၂ ဖာလုံခန့်အကွာ၌ အမြင့် သုံးပေခန့် ဘိန်းခင်း ၃၀ ဧကခန့်အားလည်းကောင်း၊ အလားတူ နံနက် ၉ နာရီ ၅ မိနစ်တွင် ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ လွယ်မန့်ကျေးရွာအရှေ့မြောက်ဘက် ၂ ဖာလုံခန့်အကွာ၌ အမြင့် သုံးပေခန့် ဘိန်းခင်း ၁၁ ဧကခန့်အားလည်းကောင်း အသီးသီးဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm
MM-News-Category