ယူကရိန်းက အမေရိကန်ထုတ် HIMARS ဒုံးကျည်ဖြင့် ရုရှားမြို့တစ်မြို့ရှိ ဈေးကိုတိုက်ခိုက်ခဲ့

News Image

  • ယူကရိန်းက အမေရိကန်ထုတ် HIMARS ဒုံးကျည်ဖြင့် ရုရှားမြို့တစ်မြို့ရှိ ဈေးကိုတိုက်ခိုက်ခဲ့

ရုရှားနိုင်ငံ၊ Kherson ဒေသ၊ Veliky Kopani မြို့ရှိ ဈေးတစ်ခုကို ယူကရိန်းစစ်တပ်မှ HIMARS ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီး ပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Vladimir Saldo က ပြောကြားခဲ့သည်။

ယူကရိန်းစစ်တပ်သည် မတ်လ ၉ ရက် တွင် ရုရှားနိုင်ငံ၊ Kherson ဒေသ၊ Veliky Kopani မြို့ရှိ ဈေးတစ်ခုကို HIMARS ဒုံးကျည် နှစ်စင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Vladimir Saldo က ပြောကြားခဲ့သည်။ Saldo ၏ အဆိုအရ ဤတိုက်ခိုက်မှုတွင် ပြည်သူများသေဆုံးပြီး များစွာ ဒဏ်ရာ ရရှိ ခဲ့သည်ဟု ဆိုသည်။

Saldo ၏ Telegram ပို့စ်တွင် ဖော်ပြချက်အရ အမေရိကန်မှ ထောက်ပံ့ထားသော M142 HIMARS ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရချိန်တွင် ဈေးအတွင်း ပြည်သူများစွာ ရှိနေခဲ့ကြောင်း ဖော်ပြထားသည်။

ဒေသဆိုင်ရာ ကျန်းမာရေးဝန်ကြီး Elena Borchaninova က TASS သတင်းဌာနအား ပြောကြားရာတွင် ဒေသခံ အရေးပေါ် ကျန်းမာရေး ဝန်ဆောင်မှုမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းနှင့် ယာဉ်မောင်းတစ်ဦးလည်း ဤတိုက်ခိုက်မှုတွင် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ဤတိုက်ခိုက်မှုတွင် ပြည်သူအနည်းဆုံး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာဒဏ်ရာဒဏ်ချက်များကြောင့် သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂