တရုတ်၊ ရုရှားနှင့် အီရန် ပူးတွဲစစ်ရေးလေ့ကျင့်မည်
တရုတ်၊ ရုရှားနှင့် အီရန် ရေတပ်တို့သည် Security Belt-2025 စစ်ရေးလေ့ကျင့်မှုကို ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း အီရန်နိုင်ငံ၏ ပင်လယ်ထဲတွင် ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ WeChat စာမျက်နှာတွင် ထုတ်ပြန်ထားပါသည်။
“မတ်လအစောပိုင်း သို့မဟုတ် မတ်လလယ်ပိုင်းတွင် တရုတ်၊ အီရန်နှင့် ရုရှား ရေတပ်များသည် Security Belt-2025 စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်မည်။
အဆိုပါ လေ့ကျင့်မှုများကို အီရန်နိုင်ငံ Chabahar ဆိပ်ကမ်းအနီးရှိ ပင်လယ်ပြင်တွင် ပြုလုပ်မည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကား- TASS
Photo: Global Times
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
ဆက်စပ်သတင်း ဖတ်ရှုရန်- https://myawady.net.mm/node/66017
MM-News-Category