ဂျာမနီရှိ အမေရိကန်တပ်များကို ပြန်လည်ရုတ်သိမ်းပြီး ဟန်ဂေရီသို့ ပြောင်းရွှေ့ရန် ထရမ့် စဉ်းစားနေကြောင်း The Daily Telegraph ပြောကြား
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် မဟာဗျူဟာရေး အရ ဂျာမနီရှိ အမေရိကန်တပ်များကို ပြန်လည်ရုတ်သိမ်းပြီး ဟန်ဂေရီသို့ ပြောင်းရွှေ့ရန် စဉ်းစားနေကြောင်းThe Daily Telegraph သတင်းစာက ဒေါ်နယ်ထရမ့် အစိုးရနှင့် နီးစပ်သည့် အရင်းအမြစ်များကို ကိုးကား၍ ဖော်ပြထား ပါသည်။
လက်ရှိတွင် ဂျာမနီတွင် အမေရိကန်တပ်ဖွဲ့ ၃၅,၀၀၀ ဦးခန့် တာဝန်ထမ်း ဆောင်လျက်ရှိသည်။
သမ္မတ ဒေါ်နယ်ထရမ့်က “ဥရောပတိုက်သည် စစ်ပွဲကို ရှေးရှု လိုလားနေကြကြောင်း ယူဆထားပြီး တဖြည်းဖြည်း မကျေနပ်တော့သည့် အခြေအနေ ရှိလာသည်” ဟု သတင်းစာ၏ အရင်းအမြစ်အရ ဆိုထားပါသည်။
ကိုးကား- TASS
Photo: Report.az
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category