ယူကရိန်းက မော်စကိုမြို့အား အကြီးမားဆုံးဒရုန်းတိုက်ခိုက်မှုပြုလုပ်
ယူကရိန်းက မော်စကိုမြို့အား ပစ်မှတ်ထားပြီး အနည်းဆုံး ဒရုန်း (၉၁) စင်းဖြင့် အကြီးမားဆုံးသော တိုက်ခိုက်မှုကို မတ်လ (၁၁) ရက်နေ့တွင် လုပ်ဆောင်ခဲ့ရာ အနည်းဆုံးလူ (၂) ဦးသေဆုံးပြီး လေဆိပ်များပိတ်ထားရကာ လေကြောင်း ခရီးစဉ်များ ရွှေ့ဆိုင်းထားရကြောင်း ရုရှားနိုင်ငံတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ယူကရိန်းက မော်စကိုမြို့တော်သို့ ဒရုန်း (၉၁) စင်းနှင့် ယူကရိန်းတပ်များပြန်လည်ဆုတ်ခွာသွားခဲ့သည့် ကာ့ခ်စ် (Kursk)ဒေသသို့ ဒရုန်း (၁၂၆) စင်းတို့အပါအဝင် စုစုပေါင်းဒရုန်း ၃၃၇ စင်းဖြင့် ရုရှားနိုင်ငံသို့ ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါသည်။
ကိုးကား-CNA
အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)
MM-News-Category