၂၀၂၄ တွင် ကမ္ဘာ့စစ်အသုံးစရိတ် ၉.၄% မြင့်တက်ပြီး ဒေါ်လာ ၂.၇၁၈ ထရီလီယံအထိ သုံးစွဲခဲ့ကြောင်း SIPRI ဖော်ပြ

News Image

  • ၂၀၂၄ တွင် ကမ္ဘာ့စစ်အသုံးစရိတ် ၉.၄% မြင့်တက်ပြီး ဒေါ်လာ ၂.၇၁၈ ထရီလီယံအထိ သုံးစွဲခဲ့ကြောင်း SIPRI ဖော်ပြ

၂၀၂၄ ခုနှစ်က ကမ္ဘာ့စစ်ရေးအသုံးစရိတ်များသည် ဒေါ်လာ ၂.၇၁၈ ထရီလီယံအထိ မြင့်တက်ခဲ့ပြီး ယခင် ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၉.၄% တိုးမြင့်လာခဲ့ကြောင်း၊ ထိုပမာဏမှာ စစ်အေးတိုက်ပွဲကာလအပြီးမှစ၍ အမြင့်ဆုံးနှစ်စဉ်တိုးတက်နှုန်းဖြစ်ကြောင်း စတော့ဟုမ်းရှိ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့ (SIPRI) ၏ အစီရင်ခံစာက ဖော်ပြ ထားပါသည်။

အဆိုပါတိုးတက်မှုမှာ တစ်ကမ္ဘာလုံးအနှံ့ စစ်ရေးအသုံးစရိတ်များ ကျယ်ပြန့်စွာ မြင့်တက်လာမှုကို ရောင်ပြန်ဟပ်နေပါသည်။ အထူးသဖြင့် ထိုစစ်သုံးစရိတ်များမှာ ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် အလျင်အမြန် တိုးတက်မြင့်တက်ခဲ့ပါသည်။

ထင်ရှားသည့်အချက်မှာ အမေရိကန်၊ တရုတ်၊ ရုရှား၊ ဂျာမနီနှင့် အိန္ဒိယ စသည့် ၅ နိုင်ငံသည် ကမ္ဘာ့စစ်ရေးအသုံးစရိတ်၏ ၆၀% (ဒေါ်လာ ၁.၆၃၅ ထရီလီယံ) ကို သုံးစွဲခဲ့ကြပါသည်။ ထို့အပြင် စစ်ရေးဘဏ္ဍာငွေအများဆုံး နိုင်ငံ ၁၅ နိုင်ငံမှာလည်း ၂၀၂၄ ခုနှစ်တွင် ၎င်းတို့၏ အသုံးစရိတ်များကို တိုးမြှင့်ခဲ့ကြကာ ကမ္ဘာ့စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ခန့်မှန်းခြေ ၂.၅% ကို စစ်ရေးအတွက် သုံးစွဲလာခဲ့ကြပါသည်။

၂၀၂၄ ခုနှစ်က ရုရှား၏ စစ်ရေးအသုံးစရိတ်သည် ဒေါ်လာ ၁၄၉ ဘီလီယံ အထိ ရှိမည်ဟု ခန့်မှန်းရပြီး၊ ယခင်နှစ် (၂၀၂၃) နှင့်နှိုင်းယှဉ်ပါက ၃၈% အထိ သိသိသာသာ တိုးမြင့်သုံးစွဲခဲ့ပါသည်။ ထိုပမာဏသည် ၂၀၁၅ ခုနှစ် ကထက် နှစ်ဆ ပိုမိုများပြားနေပါသည်။

ကိုးကား- TASS

Photo: Vrede

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃