၂၄ နာရီအတွင်း ပါလက်စတိုင်း အနည်းဆုံး ၄၀ ဦးသေဆုံးကြောင်း Al Jazeera ပြောကြား
ဂါဇာကမ်းမြောင်တွင် ဧပြီ ၂၆ ရက်(စနေနေ့) ၂၄ နာရီအတွင်း အစ္စရေး စစ်တပ်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၄၀ ဦး သေဆုံး သွားရကြောင်း ကာတာနိုင်ငံ Al Jazeera သတင်းဌာနက ဖော်ပြ ထားသည်။
အစ္စရေး ပိတ်ဆို့ထားမှုကြားတွင် ကယ်ဆယ်ရေးအေဂျင်စီများသည်နယ်မြေအတွင်း အစားအစာငတ်မွတ်ခေါင်းပါးမှုအန္တရာယ်နှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်မိကြောင်း သတင်းဌာနက အလေးပေး ပြောကြား ခဲ့သည်။
၂၀၂၅ ခုနှစ်၊ မတ် ၁၈ ရက်တွင် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ပွဲများ ပြန်လည်စတင်ခဲ့ပြီး ပါလက်စတိုင်းနယ်မြေကို ကြီးမားသောတိုက်ခိုက်မှုများ ပြုလုပ်ကာ ဇန်နဝါရီက သဘောတူညီထားသော အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category