တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နွေသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးသင်တန်းဖွင့်လှစ်

News Image

  • တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နွေသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးသင်တန်းဖွင့်လှစ်

တံတားဦး ၊ မတ် - ၁၁

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ နွေသီးနှံများစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးသင်တန်း ကို မတ်လ ၁၁ ရက်၊ နံနက် (၉) နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပကြောင်းသိရသည် ။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကနေဒီထွန်းက တောင်သူများအနေဖြင့် နွေသီးနှံများကို စိုက်ပျိုးရာတွင် မျိုး ၊ မြေ ၊ ရေများကို စနစ်တကျ ဆောင်ရွက်မှသာ သီးနှံများ အောင်မြင်မည် ဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့ စိုက်ပျိုးထားသော သီးနှံများအောင်မြင်ဖြစ်ထွန်း နိုင်ရေးအတွက် မြေပြုပြင်ခြင်း လုပ်ငန်းများ ၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ၊ ရိတ်သိမ်းခြွေလှေ့ရာတွင် အလေ့အလွင့်မရှိရေးနှင့် စနစ်တကျ သိုလှောင်ရေးလုပ်ငန်းစသည်တို့သည်လည်း အလွန်ပင် အရေးကြီးပါကြောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှဝန်ထမ်းများမှ တောင်သူနည်းပညာပေးလုပ်ငန်းများကို ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက် လျက်ရှိပါကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန သီးနှံများစိုက်ပျိုးရန် မျိုး ၊ မြေ ၊ ပိုး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်သည့် ဝန်ထမ်းများက အလှည့်ကြသင်ကြားပေးကြ၍ တက်ရောက်လာကြသည့် တောင်သူများက မရှင်းလင်းသည်များကို အသီးသီးဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက အသီးသီးပြန်လည် ရှင်းလင်း ဖြေကြား ပေးပြီး တောင်သူနည်းပညာပေး လက်ကမ်းစာစောင်များကိုဖြန့်ဝေပေးကြသည် ။

အဆိုပါသန်းသို့ တံတားဦးမြို့နယ်မှ နွေသီးနှံများစိုက်ပျိုးကြမည့် မီးသွေးတိုက်ကျေးရွာ၊ ပြူကန်ကျေးရွာ၊ ထန်းပေါက်ကုန်းကျေးရွာနှင့် မိုးနှံခြုံကျေးရွာတို့မှ တောင်သူများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြကြောင်းသိရသည် ။

ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)၊ ၀၉-၇၉၇၄၃၈၃၀၅