ကာဘိုဟိုက်ဒရိတ်နည်းသည့် ဓာတ်စာများကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေ မြင့်မားနိုင်

News Image

  • ကာဘိုဟိုက်ဒရိတ်နည်းသည့် ဓာတ်စာများကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေ မြင့်မားနိုင်

အော့တဝါ  မတ် ၁၃

ကာဘိုဟိုက်ဒရိတ် ပါဝင်မှုနည်းပါးသည့် ဓာတ်စာများကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေ မြင့်မားလာနိုင်ကြောင်း သုတေသနပညာရှင်များက မတ် ၁၂ ရက်တွင် ပြောကြားသည်။

ကာဘိုဟိုက်ဒရိတ် ပါဝင်မှုနည်းပါးသည့် အစားအစာများကြောင့် အစာခြေလမ်းကြောင်းစနစ် ဗက်တီးရီးယားတချို့၏ ကင်ဆာဖြစ်ပွားစေတတ်သော အကျိုးသက်ရောက်မှုများ ပို၍ ဆိုးရွားလာတတ်ကြောင်း ကနေဒါသုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

မိမိတို့၏ လေ့လာတွေ့ရှိချက်အရ ကာဘိုဟိုက်ဒရိတ်ပါဝင်မှုနည်းပါးသည့် ဓာတ်စာများကြောင့် အစာခြေလမ်းကြောင်းစနစ် ဗက်တီးရီးယားတချို့၏ မျိုးဗီဇအခြေခံမော်လီကျူး (DNA) များကို ဖျက်ဆီးနိုင်စွမ်း ပိုကြီးမားလာတတ်ရာ အူမကြီးကင်ဆာဖြစ်နိုင်ခြေလည်း မြင့်မားလာနိုင်ကြောင်း ကနေဒါသုတေသနပညာရှင်များက ပြောကြားသည်။

အူမကြီးကင်ဆာ ရောဂါဖြစ်ပွားမှုအတွက် နောက်ခံအကြောင်းတရား အများအပြားရှိရာ ကာဘိုဟိုက်ဒရိတ်ပါဝင်မှုနည်းပါးသည့် အစားအစာများ စားသုံးမှုသည်လည်း ပါဝင်နေနိုင်သည်ဟု ကနေဒါ သုတေသနပညာရှင်များက သုံးသပ်ထားကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ