ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၌ ဘိန်းခင်းများဖျက်ဆီး
၂၀၂၅ ခုနှစ်၊ မတ် ၁၁ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၌ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့မှ ဘိန်းခင်းဖျက်ဆီး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်း များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၁၁ ရက် နံနက် ၈ နာရီ ၂၀ မိနစ်တွင် ဟိုပုံးမြို့နယ်၊ နမ့်ဟူး(ခ) ထမ်းဘုရားကျေးရွာ၏အနောက်ဘက် ခြောက်ဖာလုံခန့်အကွာရှိ ဘိန်းခင်း ကိုးဧကခန့်အား ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
MM-News-Category