တရုတ်၊ ရုရှားနှင့် အီရန်တို့သည် ပေကျင်းတွင် ဆွေးနွေးပွဲကျင်းပရန် စီစဉ်ထားပြီး ထရမ့်က တီဟီရန်နှင့် နျူကလီးယား သဘောတူညီချက် အသစ်ရရှိရန် တွန်းအားပေးနေ

News Image

  • တရုတ်၊ ရုရှားနှင့် အီရန်တို့သည် ပေကျင်းတွင် ဆွေးနွေးပွဲကျင်းပရန် စီစဉ်ထားပြီး ထရမ့်က တီဟီရန်နှင့် နျူကလီးယား သဘောတူညီချက် အသစ်ရရှိရန် တွန်းအားပေးနေ

တရုတ်နိုင်ငံသည် အီရန်နှင့် ရုရှားနိုင်ငံတို့မှ သံတမန်များကို မတ်လ ၁၄ ရက်နေ့တွင် တီဟီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ ဆွေးနွေးပွဲကို လက်ခံကျင်းပမည်ဖြစ်ပြီး ပေကျင်းသည် နိုင်ငံတကာ အရေးပေါ်လုံခြုံရေးကိစ္စတစ်ခုဖြစ်သည့်ကိစ္စတွင် ဩဇာအာဏာရှင်တစ်ဦးအဖြစ် မိမိကိုယ်ကိုတည်ဆောက်ရန် ရည်ရွယ်နေသည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုဝန်ကြီး Ma Zhaoxu သည် အီရန်နှင့် ရုရှားနိုင်ငံတို့မှ သံတမန်များနှင့် “အီရန်နျူကလီးယားကိစ္စ” နှင့်ပတ်သက်၍ ပေကျင်းမြို့တွင် ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပမည်ဟု ကြေညာခဲ့သည်။

ရုရှားနိုင်ငံ၏ ဒုဝန်ကြီး Sergei Ryabkov နှင့် အီရန်နိုင်ငံ၏ ဒုဝန်ကြီး Kazem Gharibabadi တို့ တက်ရောက်မည်ဟု မျှော်လင့်ရသည့် အဆိုပါ ဆွေးနွေးပွဲသည် ၂၀၂၅ ခုနှစ် အီရန်နျူကလီးယား သဘောတူညီချက်မှ သံတမန်နည်းလမ်းအရ ဖြေရှင်းရန် နောက်ဆုံးကာလအဖြစ် နိုင်ငံများ အနေဖြင့် ဖိအားများရင်ဆိုင်နေရချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

သမ္မတ Donald Trump သည် ၎င်း၏ ပထမသက်တမ်းအတွင်း အမေရိကန်အနေဖြင့် ထိုသဘောတူညီချက်မှ ရုပ်သိမ်းခဲ့ပြီးနောက် ၎င်းသည်လည်း သဘောတူညီချက်အသစ်တစ်ခုအတွက် တွန်းအားပေးလျက်ရှိကာ ဥရောပအင်အားကြီးနိုင်ငံများသည် မကြာသေးမီလများအတွင်း တီဟီရန်နှင့် အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြသည်။

အီရန်၏နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ရန် သံတမန်ရေးရာ လမ်းကြောင်း ရှာဖွေရာတွင် အရှိန်အဟုန်မြင့်တက်လာနေစဉ် အရှေ့အလယ်ပိုင်းဒေသ ၌ ပဋိပက္ခများပြင်းထန်လျက်ရှိသည်။ ကုလသမဂ္ဂ၏ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့က အီရန်သည် နျူကလီးယားဗုံး ထုတ်လုပ်နိုင်သည့် ယူရေနီယံပမာဏကို အလျင်အမြန်တိုးချဲ့ခဲ့ကြောင်း သတိပေးခဲ့ပြီးအီရန်က နျူကလီးယားဗုံး ထုတ်လုပ်ရန်မဟုတ်ဟု ငြင်းဆိုပြီး ၎င်း၏ နျူကလီးယားစွမ်းအင်အစီအစဉ်သည် “ငြိမ်းချမ်းမှုအပြည့်ဖြင့်” လုပ်ဆောင် နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

တရုတ်သည် ၎င်း၏သံတမန်ရေးရာတွန်းအားဖြင့် ဤအဆင့်သို့ ရောက်ရှိလာပြီး လေ့လာသူများက ပေကျင်းသည် အမေရိကန်ပြည်ထောင်စုကို အစားထိုးနိုင်သည့် ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် မိမိကိုယ်ကို တည်ဆောက်ရန် ရည်ရွယ်ချက်နှင့်ကိုက်ညီသည်ဟုဆိုသည်။ ထရမ့်၏ “အမေရိကန်ဦးစားပေး” မူဝါဒဖြင့် နိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲနေစဉ်တွင် တရုတ်ခေါင်းဆောင်များသည် ပိုမိုအောင်မြင်ရန် အခွင့်အလမ်းများရှိသည်ဟု ရှုမြင်ကြသည်။

“တရုတ်သည် ၎င်း၏အကျိုးစီးပွားများကို ကာကွယ်ရန်၊ ဒေသဆိုင်ရာ ဩဇာလွှမ်းမိုးမှုကို တိုးချဲ့ရန်နှင့် တာဝန်ယူမှုရှိသော ကမ္ဘာ့အင်အားကြီး တစ်ခုအဖြစ် ၎င်း၏ပုံရိပ်ကို အားဖြည့်ရန် (အီရန်နျူကလီးယားကိစ္စတွင်) ပါဝင်ပတ်သက်မှုကို နက်ရှိုင်းစေရန် တိုးတက်လာသည့် လှုံ့ဆော်မှုများ ရှိသည်” ဟု ဝါရှင်တန်ရှိ Carnegie Endowment for International Peace အတွေးအခေါ်ရေးရာဌာနမှ အကြီးတန်းအဖွဲ့ဝင် Tong Zhao က ပြောကြားခဲ့သည်။

ရုရှားနှင့် အီရန်နှစ်နိုင်ငံလုံးကို စားပွဲဝိုင်းတွင်ထားရှိခြင်းဖြင့် တရုတ်သည် “အနောက်နိုင်ငံများ မပါဝင်သော ချဉ်းကပ်မှုများ၏အရေးပါမှုကို သိသာ ထင်ရှားစေရန်” ရည်ရွယ်နိုင်သည်ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

ကိုးကား-CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂