ရုရှားနှင့်အမေရိကန်တို့ကြား အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် ရုရှားတိုက်တွန်း

News Image

  • ရုရှားနှင့်အမေရိကန်တို့ကြား အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် ရုရှားတိုက်တွန်း

ရုရှားနှင့်အမေရိကန်တို့ကြား  အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး လုပ်ငန်းများကို  ပူးပေါင်းဆောင်ရွက်ရန်  ရုရှားနိုင်ငံပိုင် ရင်းနှီးမြှုပ်နှံရေးရန်ပုံငွေ အဖွဲ့က အီလွန်မက်အား တိုက်တွန်းခဲ့ကြောင်း အဆိုပါ ရန်ပုံငွေအဖွဲ့မှ အကြီးအကဲက မတ်လ ၁၅ ရက်တွင် ပြောကြားသည်။

ရုရှားနှင့်အမေရိကန်တို့ကြား ပူးပေါင်းလုပ်ဆောင်မည့် အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး လုပ်ငန်းသည် လူသားများ၏ ပျက်စီးခြင်းအတွက် မဟုတ်ဘဲ လူသားများ၏ ထင်ပေါ်ကျော်ကြားမှုအတွက် ဖြစ်သည်ဟု ရုရှားနိုင်ငံပိုင် ရင်းနှီးမြှုပ်နှံရေး ရန်ပုံငွေအဖွဲ့မှ အကြီးအကဲဖြစ်သူ ကီရေး ဒီမီထရီယက်က ၎င်း၏တွစ်တာ ဝက်ဆိုက်တွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံပိုင်  ရင်းနှီးမြှုပ်နှံရေး ရန်ပုံငွေအဖွဲ့၏  အဆိုပါပြောဆိုချက်သည် အီလွန်မက်၏ လာမည့် ၂၀၂၆ ခုနှစ်တွင် လုပ်ဆောင်မည့်အင်္ဂါဂြိုဟ်စူးစမ်း လေ့လာရေး အစီအစဉ်အား တုံ့ပြန်သည့်အနေဖြင့် ထွက်ပေါ်လာခြင်းဖြစ်သည်။

SpaceX ကုမ္ပဏီအား တည်ထောင်ထားသည့် အီလွန်မက်အနေဖြင့် လာမည့်နှစ်တွင် ၎င်းတို့၏ Starship အာကာသယာဉ်ဖြင့်  Optimus  ဟု အမည်ပေးထားသည့် လူသားစက်ရုပ်တစ်ရုပ်အား သယ်ဆောင်သွားရန်   စီစဉ်ထားသည်။ အဆိုပါ Optimus စက်ရုပ်အား  Tesla ကုမ္ပဏီက ထုတ်လုပ်ထားခြင်းဖြစ်သည်။ ထို့ပြင်   လာမည့် ၂၀၂၉ ခုနှစ်ခန့်တွင် လူသားများက အင်္ဂါဂြိုဟ်ပေါ်သို့ ခြေချနိုင်မည်ဟု မက်က ပြောကြားထားသည်။

ရုရှားနိုင်ငံပိုင် ရင်းနှီးမြှုပ်နှံရေး ရန်ပုံငွေအဖွဲ့မှအကြီးအကဲ ကီရေး ဒီမီထရီယက်၏ ပြောဆိုချက်ကို မက်ကလူသိရှင်ကြား တုံ့ပြန်ပြောဆိုထားခြင်း မရှိသော်လည်း တွစ်တာအသုံးပြုသူများက အပြုသဘောဆောင်သည့် တုံ့ပြန်မှုများကို လုပ်ဆောင်ခဲ့ကြသည်။

Source: https://myawady.net.mm/