တရုတ်သိပ္ပံပညာရှင်များ ဖန်တီးလိုက်တဲ့ သမုဒ္ဒရာ သဏ္ဌာန်တူစနစ်
တရုတ်သိပ္ပံပညာရှင်များက ကမ္ဘာပေါ်မှာ အဆင့်မြင့်ဆုံးသော သမုဒ္ဒရာသဏ္ဌာန် တူစနစ်ကို ဖန်တီးလိုက်ပြီး သူ့ရဲ့ကြည်လင်ပြတ်သားမှုက ၁ ကီလိုမီတာအထိကို မြင်တွေ့နိုင်စွမ်းရှိပါတယ်။
အခုဖန်တီးထားတဲ့စနစ်ကို LICOMK++ လို့ အမည်ပေးထားပြီး သမုဒ္ဒရာများအနေနဲ့ ဘယ်လိုမျိုးပြုမူတယ်၊ ရာသီဥတုစနစ် များနဲ့ ဘယ်လိုမျိုးအပြန်အလှန်တုံ့ပြန်မှု ရှိတယ်ဆိုတာတွေကို ဘယ်သူနဲ့မှမယှဉ်သာအောင် စံပြုပုံစံထုတ်ပေးနိုင်စွမ်း ရှိပါတယ်။
ဒါ့အပြင် အဲဒီသမုဒ္ဒရာသဏ္ဌာန်တူစနစ်က သမုဒ္ဒရာအတွက် အနုကြည့်မှန်ပြောင်းနဲ့ပင်တူနေသေးတယ်လို့ ပညာရှင်များက တင်စား ပြောဆိုထားကြပါတယ်။ ဒီလိုဖန်တီးနိုင်မှုကြောင့် သဘာဝဘေးများကို ပိုမိုကြိုတင် ခန့်မှန်းလာနိုင်မှာပါ။
Source: https://myawady.net.mm/
MM-News-Category