၁၀ နှစ်ကြာ အသံမထွက်နိုင်တဲ့ မသန်စွမ်း ဖခင်တစ်ဦးက သမီးအတွက်သီချင်းကို AI ကြောင့် ရေးသားနိုင်

News Image

  • ၁၀ နှစ်ကြာ အသံမထွက်နိုင်တဲ့ မသန်စွမ်း ဖခင်တစ်ဦးက သမီးအတွက်သီချင်းကို AI ကြောင့် ရေးသားနိုင်

ဒန်နီယယ်လာလာရာဆိုသူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အလွန်ရှားပါးတဲ့ ကြွက်သားပျော့ပြီး ခန္ဓာကိုယ်မသန်စွမ်း ရောဂါကို ခံစားလာရသူပါ။ သူ့မှာလည်း သူ့လိုရောဂါ ခံစားနေရတဲ့ သမီးလေးတစ်ဦးရှိပါတယ်။ သူက သူ့သမီးလေးအတွက် သီချင်းတစ်ပုဒ်ကို အမြဲတမ်းစိတ်ကူးနဲ့ ရေးသားခဲ့ရတာပါ။ ဒါပေမဲ့ အရာမထင်ခဲ့ပါဘူး။

အခုတော့ စိတ်ပညာရှင် ဒါမီယံဟောင်းဝါ့က AI ရဲ့ အကူအညီကိုရယူပြီး လာလာရာရဲ့ စိတ်ကူးထဲကသီချင်းကို သံစဉ်အဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာပါ။ ဒါမီယံဟောင်း ဝါ့က လာလာရာဆီကနေ အမူအရာနဲ့ပေးတဲ့ အကြောင်းအရာတွေကို AI မှာ ထည့်ပြီး စာသားနဲ့ သံစဉ်တွေကို ဖော်ကျူးနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးထွက် ပေါ်လာတဲ့ ရလဒ်ကတော့ သူ့ရဲ့သမီးလေး အတွက် ၃ မိနစ်ခွဲကြာတဲ့သီချင်းတစ်ပုဒ် ပဲဖြစ်ပါတယ်။  

Source: https://myawady.net.mm/